(102)ချင်းချင်း ကိုယ်မင်းကို ကြိုက်တယ်

2.9K 412 11
                                    

(102) ချင်းချင်း ကိုယ်မင်းကို ကြိုက်တယ်

ရှန်ချင်းရှု မုကျစ်နဲ့ လုရွှယ်တို့ သရုပ်ဆောင်ရိုက်ကူးနေတာကို မနီးမဝေးမှ ထိုင်ခုံမှာထိုင်ရင်းဂရုတစိုက်ကြည့်နေစဥ်မှာ ဟန်ချောင်ကိုဖြတ်ခနဲမြင်လိုက်တယ်။

သူနိုးလာပြီပဲ။ ရှန်ချင်းရှုတစ်ယောက် တစ်ဖက်လူ သူ့အနားသို့ လျှောက်လှမ်းလာတာကို မကြည့်ပဲမနေနိုင်ခဲ့ဘူး။

ကြည့်နေရင်းနဲ့ ပြောမပြတတ်စွာရှက်ရွံ့လာရတယ်။ ဟန်ချောင်က သူ့အနားကိုရောက်ခါနီးမှာပဲ သူ ခေါင်းကိုနှိမ့်လိုက်ကာ သူ့လက်ထဲမှ ဇာတ်ညွှန်းစာအုပ်ကို လှန်နေလိုက်ပြန်တယ်။

ဟန်ချောင် အဝေးမှသူ့ကိုစိုက်ကြည့်နေရင်းကနေ သတိလက်လွတ်ရယ်မောလိုက်မိတယ်။ စိတ်အတွင်းပိုင်းဆီမှစိုးရိမ်ပူပန်နေခဲ့တဲ့ သူ့ရဲ့နှလုံးသားက တည်ငြိမ်သွားခဲ့ရပြီ။ နွေဦးအတွင်း တိုက်ခတ်လာတဲ့ လေကြောင့် ဖြည်းညင်းစွာကြွေကျလာတဲ့ မိုးမခရွက်ကြွေလေးလိုမျိုးပဲ။

သူ ဖြည်းညင်းသွာလျှောက်ကာ ရှန်ချင်းရှုရဲ့ဘေးမှာဝင်ထိုင်လိုက်တယ်။

ရှန်ချင်းရှု ဇာတ်ညွှန်းစာရွက်တွေကို ခပ်ဖြည်းဖြည်းလှန်နေတာကို ကြည့်နေခဲ့တယ်။ ဟန်ချောင်ကလည်းစကားပြောဖို့ စိတ်ပူမနေပါပဲ တိတ်တဆိတ်သာ ငေးမောနေခဲ့တယ်။

ရှန်ချင်းရှု သူ့ကို စက္ကန့်အတော်ကြာအောင်စောင့်နေခဲ့တယ်။ တစ်ဖက်လူက အချိန်ကြာလာတဲ့အထိ စကားပြောမလာတော့ အဆုံးမှာမနေနိုင်စွာနဲ့ မော့ကြည့်မိပြန်တယ်။
"ခင်ဗျား ကောင်းကောင်းအိပ်ခဲ့ရလား"

ဟန်ချောင် ခေါညိတ်လိုက်တယ်။

"အမ်"

သူ ရှန်ချင်းရှုကိုကြည့်နေခဲ့ကာသူ့ရဲ့မျက်ဝန်းတွေက ရေမျက်နှာပြင်ပေါ်မှ လှိုင်းကြက်ခွက်ငယ်လေးတွေလို နူးညံ့နေခဲ့လေတယ်။ ရှန်ချင်းရှုရဲ့မျက်နှာက စတင်ပူလောင်လာပြီး ထိုအခိုက်အတန့်မှာ ရှုံးနိမ့်သွားခဲ့သလိုပဲ။

"ရေနည်းနည်းသောက်မလား"
သူ ထိုင်ခုံဘေးမှ ရေကိုယူကာ ဟန်ချောင်ကို လှမ်းပေးလိုက်တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now