(105.2)ခင်ဗျား ကျွန်တော့ရဲ့လက်ကိုမကိုင်ဘူးလား

2.3K 319 11
                                    

(105.2 )

ဟန်ချောင် ရေချိုးခန်းထဲမှထွက်လာတော့ ရှန်ချင်းရှုတစ်ယောက်ဝရံတာမှာ နီရဲနေတဲ့နားရွက်တွေနဲ့ မတ်တပ်ရပ်နေတာကိုတွေ့လိုက်ရတယ်။ သူ အနားကိုတိုးကပ်ကာ ထိုနားရွက်လေးတွေကို ခပ်ဖွဖွထိလိုက်တော့ ရှန်ချင်းရှုက ခုန်ဆုတ်သွားပြီး သူ့ကိုလှည့်ကြည့်ပြီးမှသာ စိတ်သက်သာရာရသွားလေတယ်။

"ခင်ဗျား ဘာလုပ်တာလဲ"

"မင်းရဲ့နားရွက်တွေက ဘာလို့နီရဲနေတာလဲ? ညစ်ညမ်းတဲ့တစ်ခုခုကို တွေးနေတာများလား?"

"ခင်ဗျားကမှ ညစ်ညမ်းတာ"
ရှန်ချင်းရှု ဒေါသထွက်လာကာ သူ့ကိုတွန်းဖယ်ရင်း ရေချိုးခန်းထဲကိုဝင်သွားလိုက်တယ်။

ရေချိုးပြီးချိန်မှာတော့ သူ ပိုင်ရွှယ်ကောရဲ့မွေးနေ့အကြောင်း ဟန်ချောင်ကိုပြောဖို့သတိရသွားယ်။

"အတူသွားရအောင်"

"အိုခေ"
ဟန်ချောင် ပြန်ပြောလာတယ်။

"သူ့ရဲ့ 18နှစ်ပြည့်မွေးနေ့မှာ  ကိုယ်တို့မိသားစုကလည်း သူ့ကိုလက်ဆောင်တွေပေးဦးမှာပဲ.. ပြောရရင် သူက သူ့အဖေရဲ့တစ်ဦးတည်းသောသားလေးလေ.. နောက်ပြီး အနာဂတ်ကျရင် သူ့လက်ထဲကိုပဲ အကုန်ရောက်လာမှာ.. ဒီတော့ သူ့ရဲ့အသက်ပြည့်မွေးနေ့အတွက် လူတိုင်းက လောကဝတ်အရလက်ဆောင်တွေပေးကြလိမ့်မယ်..

ဒါပေမဲ့ မင်းပြောသလိုဆိုရင် သူက သူ့ဘာသာသူ ပါတီအသေးလေးလုပ်ဖို့စီစဥ်ထားပုံပဲ.  သူက သူနဲ့ဆက်ဆံရေးကောင်းပြီး ရင်းနီးတဲ့သူငယ်ချင်းတွေကိုပဲ ဖိတ်တာဖြစ်လောက်မယ်"

"ဟုတ်မှာပေါ့"
ရှန်ချင်းရှု တိတ်တိတ်လေးပြန်ဖြေလိုက်တယ်။

"အမှန်ပဲပေါ့.. ကိုယ်မင်းကို တစ်စုံတစ်ယောက်နဲ့တွေ့ဖို့ ခေါ်သွားပေးမယ်"

ပြောရင်းနဲ့ ဟန်ချောင် တွေးမိသွားတယ်။
"အဲဒီနေ့ မင်းအလုပ်မများရင် ကျိုးကျင်းမင်နဲ့ဝူယန်းတို့ကိုပါ ညစာစားဖို့ဖိတ်လိုက်ရအောင်"

"ကောင်းပြီ"
ရှန်ချင်းရှု ငြင်းဆန်ခြင်းမပြုဘူး။

"မင်းဘာလို့ ဘာတစ်ခုမှမမေးရတာလဲ"
ဟန်ချောင် သူ့ကိုကြည့်လိုက်တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now