(107)ပထမဆုံးဒိတ်:အပြန်အလှန် ဖလစ်ခြင်း

2.8K 338 3
                                    

Unicode🍀

107.ပထမဆုံးဒိတ်:အပြန်အလှန် ဖလစ်ခြင်း

သူသာ လက်ခံပြီးလိုက်လျောပေးနေသရွေ့ ဟန်ချောင်က ကလေးဆန်တာပဲဖြစ်ဖြစ် သူ့ရဲ့ခံစားချက်ကိုမထိန်းချုပ်နိုင်တာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။

ရှန်ချင်းရှုဆီက သဘောကျခံနေရသရွေ့ သူအမြဲမှန်နေဦးမှာပဲ။

မုကျစ်ပြုံးလိုက်ပြီး ရှန်ချင်းရှုကိုထပ်ကြည့်လိုက်တယ်။

"ကိစ္စတစ်ခုခုရှိလို့ အပြင်ကိုသွားကြမလို့လား"

"ဟုတ်တယ်"
ရှန်ချင်းရှု ပြန်ဖြေလိုက်တယ်။

"ဓာတ်ပုံအရိုက်ခံရမှာကို သတိထားဦးနော်"

"သတိထားမှာပါ"
ရှန်ချင်းရှုပြုံးလိုက်တယ်။

"ပျော်ခဲ့ကြလေ"
မုကျစ်ပြောလိုက်ပြီးနောက် အဝေးဆီကိုလှည့်ထွက်သွားခဲ့တယ်။

_____ရှန်ချင်းရှုက singleမဟုတ်တော့ဘူး။ နောက်ပြီး သူ့ဆီမှာလည်း တစ်ဖက်လူကို လိုက်ဖို့အတွက် လုံးဝအရည်အချင်းမရှိနိုင်တော့ဘူး။

ဒါပေမဲ့ ထိုလူငယ်လေး အရင်ကထက်ပိုပြီးပျော်ရွှင်နေတာ ကောင်းပါတယ်လေ။

မုကျစ် ဟိုတယ်ထဲမှ ထွက်လာချိန်မှာ နေရောင်ခြည်က တံခါးဝဆီသို့ကျဆင်းနေခဲ့တယ်။ သူ ရှန်ချင်းရှုနဲ့ပထမဆုံးတွေ့ခဲ့စဥ်က သူတံခါးဖွင့်လာချိန်မှာ နေရောင်ခြည်က သူ့နောက်ကျောဆီသို့ကျဆင်းနေခဲ့သလိုမျိုး။

သူလည်းပဲ နေရောင်ခြည်ကိုဖမ်းဆုတ်ချင်ခဲ့တယ်။ ဒါပေမဲ့ နေမင်းကြီးကတော့ သူ့ဆီကိုလာဖို့ စိတ်မဝင်စားခဲ့ဘူးလေ။ ဒါကြောင့် အဆုံးမှာတော့ နေရောင်ခြည်ကို သူ့ရဲ့နှလုံးသားထဲမှာမဖမ်းဆုတ်နိုင်ခဲ့ဘူး။

မုကျစ် သူ့ရဲ့နှလုံးသားကို ချန်ထားခဲ့ပြီး အရှေ့ကိုပဲဆက်လျှောက်သွားခဲ့တယ်။

ရှန်ချင်းရှု မုကျစ်ထွက်သွားခဲ့တဲ့အထိစောင့်ပြီးမှ သူ့ရဲ့မျက်လုံးကို ဟန်ချောင်ဆီသို့ လှည့်လိုက်တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now