(108)ခွေးတစ်ကောင်ကိုသတ်ဖြတ်တဲ့ ဇာတ်ဝင်ခန်း!

1.9K 300 5
                                    

108. ခွေးတစ်ကောင်ကိုသတ်ဖြတ်တဲ့ ဇာတ်ဝင်ခန်း!

"ရှန်ချင်းယွီ"
ဟန်ချောင် မေးငေါ့ပြလိုက်တယ်။

ရှန်ချင်းရှု သူ့ရဲ့အကြည့်နောက်ကိုလိုက်ကြည့်လိုက်တော့ မနီးမဝေးမှာအမျိုးသားတစ်ယောက်နဲ့ သောက်စရာတွေဝယ်နေတဲ့ ရှန်ချင်းယွီကို မြင်လိုက်ရတယ်။

အရောင်းစာရေးက လူနှစ်ယောက်ဆီသို့ သောက်စရာတွေပေးလိုက်တော့ ရှန်ချင်းယွီက သူ့ရဲ့ခွက်ကိုငုံ့သောက်လိုက်ပြီး တစ်ဖက်လူကိုခွက်ကိုလှမ်းကြည့်လိုက်တယ် ။ ပြီးနောက် ထပ်သောက်လိုက်ပြန်တယ်။ ဒါပေမဲ့ တစ်ဖက်လူကတော့ သူ့ရဲ့ကိုယ်ပိုင်ခွက်ကို စိတ်ဝင်စားဟန်မပြဘဲ ပြုံးရယ်ရင်းနဲ့ စကားအနည်းငယ်ပြောကာ ရှန်ချင်းယွီသောက်ထားတဲ့ခွက်ကိုငုံ့သောက်လိုက်တယ်။

"အဲတစ်ယောက်က သူ့ရဲ့ရည်းစားလို့ ခင်ဗျားထင်လား"
ရှန်ချင်းရှု ရှုပ်ထွေးနေခဲ့တယ်။

ဟန်ချောင်ကတော့ မျက်မှောင်ကြုတ်လျှက်ရှိနေတုန်းပဲ။

"ခင်ဗျား သူ့ကိုသိလို့လား"
ရှန်ချင်းရှု ခန့်မှန်းလိုက်တယ်။

"အမ် အဲဒါ ယန်ကျားယွီရဲ့ဝမ်းကွဲပဲ"

ရှန်ချင်းရှုအံ့သြသွားရတယ်:
"အာ?"

ပြီးနောက် သူက ခေါင်းညိတ်လိုက်ပြန်တယ်။

"ဟုတ်သားပဲ ကျွန်တော်မှတ်မိပြီ.. ယန်ကျားယွီနဲ့ ရှန်ချင်းယွီက ခင်ဗျားတို့ကုမ္ပဏီရဲ့အောက်ထပ်မှာတွေ့ပြီး သိကျွမ်းသွားကြတာဖြစ်မယ်.. ယန်ကျားယွီ ရိုက်ကွင်းမှာ ကျွန်တော့်ကို ပြသနာလာရှာတာက ရှန်ချင်းယွီရဲ့လမ်းညွန်မှုနဲ့ပဲ"

"ကိုယ်သိတယ်.. ရှောင်ပိုင် ကိုယ််ကိုပြောတယ်"

"ဒါဆို ကျွန်တော့်မိဘတွေကတော့ စိတ်ကျေနပ်နေတော့မှာပဲ .. ရှန်ချင်းယွီက ယန်ကျားယွီရဲ့ဝမ်းကွဲကို တွယ်တက်နိုင်တယ်ဆိုတော့ သူတို့အတွက် ပျော်ပွဲရွှင်ပွဲဖြစ်နေမှာ"

"မင်းက ယန်ကျားယွီရဲ့ဝမ်းကွဲ ရှန်ချင်းယွီနဲ့အတူရှိလိမ့်မယ်လို့ တကယ်ထင်နေတာလား"
ဟန်ချောင် ပြုံးလိုက်တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now