အပိုင်း - ၂၂၈

819 58 0
                                    

Unicode

အပိုင်း - ၂၂၈ လေတိုက်သွားလို့  မကြားရဘူး။


"မင်းငါ့ကို ကတိပေးခဲ့တာကို သတိရပါ!"

ယင်းရှောင်ကျဲ  လက်တစ်ဖက်က သူမအား ပိုင်ဆိုင်ကြောင်း ပြသဖို့  သူ့ရင်ခွင်ထဲကို မုရှောင်းရှောင်အား လည်ပင်းက နေဖက်ကာ ထည့်ထားသည်။

"ကျဲ နင် ငါ့ကိုလွှတ်​​ပေးနိုင်​မလား  နင်က အရမ်းလေးတာပဲ သိရဲဘလား!"

မုရှောင်းရှောင် သူမမျက်နှာ လေးကို ပွတ်သပ်ရင်း  စောစော ယင်းရှောင်ကျဲ ပါးဖဲ့ထားတဲ့  နာကျင်မှု ကို ခံစားရတာ ဖြေဖျောက်နေမိသည်။

"မဖယ်ဘူး! ငါ မင်းကိုမှီ တောင် မမှီထားဘူး ၊ ဘာကိစ္စ လေးရတာလဲ ?"

ယင်းရှောင်ကျဲ  ထိုကဲ့သို့ ပြန်လည်တုံ့ပြန်ခဲ့သော်လည်း သူမ၏မျက်နှာမှာ မသက်မသာဖြစ်နေသည်ကို သိလိုက်သောအခါတွင် သူ့လက်ကို သိသိသာသာ ဖြေလျှော့လိုက်သေးသည်။

မုရှောင်းရှောင် က သူ့ကို မကျေမနပ် စိုက်ကြည့်နေပြီး သူမပခုံးပေါ်က သူ့လက်ကို ဖယ်လိုက်ကာ  ယင်းရှောင်ကျဲ လက်မောင်းကို သူမကိုယ်တိုင် တွဲလိုက်ပြီး

"အခု အဆင်ပြေပြီလား သွားကြရအောင်။ အတန်းစချိန်ရောက်ပြီ!"

"အိုး ဟုတ်သား မင်း စောနက ဘာပြောလိုက်တာလဲ ကျောင်းပြီးရင် အဲကောင်ကို သွားရှာဦးမှာလား။ ငါ မင်းကို တားမြစ်တယ်"

"ကျဲ နင် ဘာပြောလိုက်တာလဲ လေတိုက်သွားလို့ နင်ပြောတာ ငါမကြားလိုက်ဘူး!"

"မင်းက လူဆိုးလေးပဲ!"

ကျောင်းဆင်းချိန်တွင်   … .

မုရှောင်းရှောင် စာမေးပွဲရလဒ်ကိုကြည့်ရန်  တတိယနှစ် အဆောင်သို့ ရောက်ရှိခဲ့သည်။ အတန်းထဲက ကျောင်းသားတွေက  အဖြေလွှာ တင်ပြီး ဆရာမက စာမေးပွဲ အဖြေလွှာတွေကို စီနေတုန်းပင်

သို့သော် အတန်းထဲတွင် လုရိချန် ၏အရိပ်အယောင်ကို မတွေ့ရပေ။

သူမသည် လမ်းသွားလမ်းလာတစ်ဦးကို ဆွဲလိုက်ပြီး

"လုရိချန် ဘယ်မှာလဲ"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now