🕊️မောင်မုန်းမယ်ဆို…🕊️
"ဒီမှာ ဒီမှာ"
ပိတ်သွားသည့်ကားမှန်ကိုပုတ်ကာအသံပြုလိုက်တော့
လျှောခနဲကားမှန်ပြုတ်ကျသည်နှင့် အသံစူးစူးကထွက်ပေါ်လာသည်။
ယောကျာ်းဖြစ်ပြီး နှုတ်သီးကောင်းလွန်းလိုက်တာ။"ဘာလဲ ပေးတဲ့ပိုက်ဆံကပန်းတန်ဖိုးထက်နည်းနေလို့လား ဘတ်20ပိုတယ်နော် ကြောင်မနေနဲ့"
မာရေကျောရေဆက်ဆံသည်မို့ အသက်ကြီးကြီးအမျိုးသားထင်ထား လက်စသတ်တော့ မိမိထက် သုံးနှစ်လောက်သာကြီးလိမ့်မည်။
"ခင်ဗျား ပန်းဖိုးပိုက်ဆံပိုတာသိပါတယ်
ပိုတဲ့ဘတ်20ကိုလဲကျနော်ပြန်အမ်းမှာပါ
မအမ်းခင်တစ်ခုတော့ပြောပါရစေဗျာ ပိုက်ဆံကိုပေးတယ်ဆိုလဲလူလိုပေးပေါ့ဗျာ"ကျောင်းပိတ်ရက်မှာ အတူနေသည့်ဦးလေးကိုပန်းကူရောင်းပေးမိပါတယ် ပိုက်ဆံကို သဒေါင်းဇားပေးသလိုပေးခံလိုက်ရသည်မို့ ဒေါသကထွက်ရသည်။
"ငါကဘယ်လိုပေးနေလို့လဲ ဦးထိပ်မှာတင်ပြီး မင်းကိုပေးရမှာလား"
"အဲ့လိုဆိုရင်တော့ကောင်းတာပေါ့ဗျာ
အခုတော့ သဒေါင်းစားကိုပေးတာလိုပစ်ချရသလား
ကျနော့်မှာလက်ပါတယ် လက်ကိုလှမ်းပေးပေါ့""ဟ…လမ်းဘေးကပန်းသည်နဲ့ပလက်ဖောင်းကသဒေါင်းစား ဘာများကွာခြားသွားလို့လဲ"
"ကားပေါ်ကခင်ဗျားနဲ့ ဟိုနားကအမှိုက်ကောက်တဲ့သူလဲမကွာခြားပါဘူး ဟုတ်တယ် ဟုတ်"
"တောက်!!
စကားတွေကအောက်တန်းကျလိုက်တာ
ဘယ်လိုကောင်လဲ မင်း""ခင်ဗျားလိုတော့အထက်လွှာစကားမပြောတက်ဘူးဗျာ
ပေးကျနော့်ပန်းတွေ ရော့ ခင်ဗျားပိုက်ဆံ ခင်ဗျားကိုကျနော်ပန်းမရောင်းနိုင်ဘူး""လူပါးလာဝနေသေးတယ် ရော့ ရော့ အကျိုးနည်း"
ကားတွင်ချိတ်ထားသည့်ပန်းသုံးကုံးကိုဆွဲဖြုတ်ကာ
စကားကျောရှည်သည့် ထိုသူထံ Build ပစ်ပေးလိုက်သည်။လူလေးကဖြင့်အသက်ပင်ပြည့်ပုံမပေါ်သေး။
အဆင့်အတန်းကိုမရှိလိုက်တာ။အဲ့လိုလမ်းဘေးကအောက်တန်းစားတွေကို
အဖက်ပြိုင်ပြောရတာတော်တော်စိတ်ပျက်သည်။