" ကလေးတွေ အစ်မတွေကို ဒီလောက်ပဲ ပင်ပန်းခိုင်းရောပေါ့ လာ ထမင်းစားချိန်ရောက်နေပြီ "
အချိန်ကိုကြည့်နှင့်တော့ ၁၁နာရီအကျော်ကွက်တိပင်ဖြစ်နေပြီ ။ အစ်မကတော့ မပင်ပန်းသည့်ပုံစံနှင့် ဆက်ဆော့နေပေမဲ့လည်း ကြည့်ရသည့် ကိုယ်တိုင်တော့ အမောဖောက်ချင်သလိုအထိ မောမိသည် ။ နေလည်းပူသည်မို့လို့ ချွေးကတော့ တစ်စစထွက်နေသည် ။ ဂေဟာမှူးခေါ်လို့ ကလေးတွေကတော့ပြေးပြီး ထမင်းစားဆောင်သွားကြသည် ။
ကျန်ခဲ့သည်မှာ သူနှင့် မိုနီကာတို့ပင် ...
အစ်မကတော့ ဘောလုံးကိုလက်နှင့်ပုတ်နေကာ ကွင်းပြင်မှာ ပြေးလွှားနေသည် ။ အစ်မ ရဲ့ ဒီလိုပုံစံကိုမြင်ရတော့ အသက်ရှင်ရတာအကျိုးမရှိဟု တွေးမိခဲ့သည့်အချိန်တွေကို ဆွဲနုတ်ပစ်ချင်မိသည်အထိ တွေးခဲ့မိလိုက်ပါသေးသည် ။
" သမီးတို့ နှစ်ယောက် ထမင်းလာစားလို့ရပြီနော် ဂေဟာဘေးက ခြံလေးမှာ နေရာလေးသပ်သပ်ပြင်ပေးထားတာမို့လို့ ပူတုန်းလေး သွားသုံးဆောင်လိုက်ကြဦးနော် "
ဂေဟာမှူးကထမင်းစားဖို့လာခေါ်တော့ ချက်ချင်းပြေးလာသည် ။
" မလိုတာပဲ ကလေးတွေနဲ့စားလည်းဖြစ်တာပဲကို အန်တီရဲ့ "
" တစ်ခါတစ်လေမှလာတဲ့ဧည့်သည်တွေပဲ ။ ဟာနီးရှိတုန်းကလို သမီးကခဏခဏမှမလာမဖြစ်ပဲ "
အစ်မတို့ပြောနေတဲ့စကားတွေကို တစ်စတစ်စတော့ကြားမိနေသည် ။ ထိုစကားထဲတွင်တော့ ဟာနီး ဆိုသောအမျိုးသမီးနာမည်အားသေချာကြားမိပါသေးသည် ။ ထိုနာမည်ကိုကြားပြီး မျက်နှာပျက်သွားသည့် အစ်မမျက်နှာကိုရော သေချာပေါက် မမှားဘဲ မြင်ခဲ့မိပါသေးသည် ။
" လာ ဂျီဟေး ထမင်းစားကြရအောင် "
ဘာမှမဖြစ်ခဲ့သလိုမျက်နှာထားနှင့်အစ်မက သူ့ဆီလာသည် ။ ထိုအမျိုးသမီးကို သူက ဘယ်သူဘယ်ဝါမှန်းမသိပါပဲနှင့်တောင် အစ်မမျက်နှာပျက်သွားရ၍ စိတ်အနည်းငယ်တိုမိသေးသည် ။
" ပေး လက်ကို "
အစ်မကသူ့လက်ကိုလှမ်းထုတ်ကာ ဂျီဟေးလက်ကိုတောင်းသည် ။ အမြဲအူကြောင်ကြောင်ပုံစံနဲ့ ဂျီဟေးကတော့ ထုံးစံအတိုင်းမျက်နှာသေနဲ့ပင် ကြည့်နေမြဲသာ
YOU ARE READING
𝘁𝗲𝗮𝘀𝗶𝗻𝗴 𝘂 < 𝖬𝗈𝗇𝗂𝗄𝖺 𝖷 𝖭𝗈𝗓𝖾 >
Fanfiction" ဒီအတိုင်း စနောက်နေရင်းနဲ့ပဲ ဘေးနားကနေ ပျောက်ကွယ်သွား ပေးမယ် .... ကတိ ! " " ဒီအတိုင်း စနောက်နေရင်းနဲ့ပဲ ဘေးနားကနေ ပျောက်ကွယ်သွား ပေးမယ် .... ကတိ ! " Side Characters aiki leejung