🕊️မောင်မုန်းမယ်ဆို🕊️
သူဌေးမှာသားရှိတာကိုအားလုံးသိကြသည်။
အရင်ကဝန်ထမ်းဟောင်းတွေလောက်သာထိုသူကိုမြင်ဖူးကြသည်။
အခုနောက်ဝန်ထမ်းတွေဘယ်သူမှမမြင်ဘူးသလိုကိုယ်လဲသူ့ကိုမမြင်ဘူးပါ။
နိုင်ငံခြားမှာနေတယ်လို့သာသိထားသည်။သမီးလဲမဟုတ်ပါဘဲ သူဋ္ဌေးသမက်ဆိုပြီးစနောက်လို့
ရယ်နေမိတာအမြဲတမ်းလိုလိုပင်။"P'Bible ကျနော့်ကိုမနှစ်ကကျန်တဲ့ပစ္စည်းစာရင်းလေးပြန်ပေးပါလား
ကျနော့်ကွန်ပျူတာထဲမှာမတွေ့တော့လို့ P'ထဲများရှိမလားလို့""အော် အေးငါရှာထားပေးမယ်လေ
တွေ့ရင်ပေးမယ်""ဟုတ် ဟုတ်"
ကုမ္မဏီကိုရောက်တာနဲ့အလုပ်နဲ့လက်မခွာတော့။
တခြားသူတွေအနားယူနေလဲကိုယ်ကတော့သိပ်မနားဖြစ်။
သူဌေးရှိလို့ကြိုးစားပြနေတာလဲမဟုတ်ဘဲ
ကိုယ့်ဘဝတိုးတက်ဖို့အတွက်အချိန်ရှိခိုက်လုံ့လစိုက်ရမည်လေ။"Bible အန်ကယ့်ရုံးခန်းထဲခဏလာခဲ့ပါအုံးကွာ"
"ဟုတ်ကဲ့သူဌေးကျနော်လာခဲ့ပါ့မယ်"
သူဋ္ဌေး Kanက ရုံးခန်းထဲပြန်ဝင်သွားသည်။
Bibleလုပ်လက်စအလုပ်လေးခဏရပ်ထားလိုက်ရသည်။"အဟမ်း……အဟမ်း Bibleရေယောက္ခမကခေါ်နေပြီ
သမက်လေးကိုဘာတွေအားကိုးအုံးမယ်မသိဘူး""ဟာဗျာ P'Jetကလဲ
သူဌေးကြားလို့ကျနော်အလုပ်ထုတ်ခံနေရပါအုံးမယ်
သူ့သားလဲကျနော်သိတာမဟုတ်ဘူး""အေးပါကွာ သွားသွား ခေါ်တာတမ်းမလာလို့
ယောက္ခမငေါက်တာခံနေရအုံးမယ်"P'Jetကို ခေါင်းယမ်းပြထားခဲ့ပြီး သူဌေးရုံးခန်းထဲဝင်လာခဲ့သည်။
"သူဌေးကျနော်ရောက်ပါပြီ"
"ထိုင်ကွာBible အန်ကယ်ကိုနည်းနည်းကူညီပါအုံးကွာ"
"ဘာများလဲသူဌေးပြောပါ"
"BOCကုမ္မဏီနဲ့စပ်တူလုပ်ထားတဲ့အလုပ်ပါကွာ
အဲ့ဒီစာရင်းတွေကြည့်နေတာ အသက်ကရလာတော့မျက်လုံးတွေကမှုန်ပြီ
ဝေဝါးလာလို့မင်းကိုခေါ်လိုက်တာ"