Zawgyi
"မင်းလေးရဲ့ ဆန္ဒအားလုံးကို
အလိုလိုက်မယ်...
ကိုယ့်ကို နည်းနည်းပိုဆုချပေးပေါ့"အဏ္ဏဝါက နိုးနေတာကြာပြီဖြစ်ပေမယ့် မထသေးဘဲ မောမောပန်းပန်းနဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်ရှန်းကို လက်မောင်းတွေထဲ ပွေ့ဖက်ထားရင်း ငေးနေမိ၏။
အသက်သုံးဆယ်ကျော်လို့မထင်ရသည့်နုပျိုမှုနဲ့ သူ့ယောက်ျားလေးရဲ့မျက်နှာလေးကို ညင်ညင်သာသာလေးထိတွေ့နေရင်း သူ့နှုတ်ခမ်းတွေဟာလည်း ကွေးညွတ်လို့နေ၏။ ညက သူ့ဒဏ်ကို ခက်ခက်ခဲခဲလက်ခံပေးခဲ့ပုံလေးကိုလည်း ပြန်တွေးရင်းပေါ့။အနည်းငယ်စိမ့်အေးသည့်အအေးဓာတ်ကြောင့်ထင်... ရှန်းက လက်လေးနှစ်ဖက်ကိုရင်ဘက်ရှေ့မှာယှက်ထားရင်း အနွေးဓာတ်ရှိရာ အဏ္ဏဝါရဲ့ရင်ဘက်ဆီကို တိုးဝှေ့ပူးကပ်သွားပြီး ဆက်အိပ်ပျော်နေ၏။
ကိုက်ရာလေးတွေရှိသည့်ပခုံးဖြူ ဖြူလေးကိုလုံသွားအောင် အဏ္ဏဝါက စောင်ကိုခြုံပေးလိုက်ပြီးနောက် ဆံသားပွရှုပ်ရှုပ်လေးထဲ မျက်နှာအပ်ထားရင်း ဒီလူသားနဲ့ပတ်သက်တာလေးတွေကိုသာ လိုက်တွေးနေမိ၏။နောက်နာရီဝက်လောက်ကြာတော့ ရှန်းက လှုပ်ရှားလာပြီး အဏ္ဏဝါရဲ့အင်္ကျီကို မျက်နှာနဲ့ အိပ်ချင်မူးတူးနှစ်ချက်သုံးချက်လောက်ပွတ်သပ်လိုက်ပြီးနောက်တော့ ဖြည်းဖြည်းချင်းမျက်လုံးဖွင့်လာခဲ့၏။
"နိုးပြီလား... နည်းနည်းလောက်ထပ်အိပ်ပါဦးလား"
"ဘယ်နှစ်နာရီရှိပြီလဲ"
"ဒီမှာက အခုကိုးနာရီကျော်ပဲရှိသေးတာ... ဒါမှမဟုတ်ဗိုက်ဆာနေပြီလား"
မနေ့ညက နှစ်ယောက်စလုံး ညစာမစားဖြစ်ခဲ့၍အဏ္ဏဝါက ရှန်းဗိုက်ဆာနေမလားတွေးနေခဲ့သေးသည်။
ဒါပေမယ့်ရှန်းက ထိုအမေးကိုမဖြေသေးဘဲ အဏ္ဏဝါရဲ့ရင်ဘက်ကိုဟိုကြည့်ဒီကြည့်။ အခုတော့ အဝတ်ဝတ်ထားတာကြောင့် တော်သေးသည်ပဲလို့တွေးနေပုံပင်။သို့သော် သေသေချာခံစားကြည့်လိုက်တော့ သူ့ခါးကို အသာအယာနှိပ်ပေးနေသည့်လက်ဝါးပြင်ကို ခံစားမိနေသည်က ကြားခံနယ်မရှိသလို။ ပြီးတော့ မွေ့ယာနဲ့တစ်ဖက်လူရဲ့အဝတ်တွေကိုခံစားမိနေတာကလည်း တိုက်ရိုက်မို့ စောင်ကိုအနည်းငယ်လှပ်ကြည့်လိုက်ချိန် မျက်နှာတစ်ခုလုံး ရဲတွတ်သွားလေတော့သည်။

YOU ARE READING
"My Only One" ✔️
Romanceမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...