intro

15.2K 490 43
                                    

*Unicode*

ဘယ်ကနေဘယ်လိုစလဲဆိုတော့
ငါသဘောကျတဲ့ စီးကရက်တွေနဲ့သိပ်တူလွန်းတဲ့ မင်းရဲ့နှုတ်ခမ်းသားကို မြည်းစမ်းခွင့်ရတဲ့ညကစတာပဲ
သိလားဂျွန်ဂျောင်ဂု
အရင်ကမလိုချင်ခဲ့သလောက်အခုမင်းကိုငါ့အပိုင်ပဲဖြစ်စေချင်တော့တာ..။

#ကင်မ်ထယ်ယောင်း

အယ်လ်ကိုဟော လို လူရမ်းကားက
ကျွန်တော့်ကိုအနိုင်ကျင့်ရတာ သိပ်ကြိုက်တယ်ထင်ပါရဲ့။
ကင်မ်ထယ်ယောင်းက ကြောက်ဖို့ကောင်းတယ် အကြောင်းပြချက်မရှိ မုန်းတယ်ဆိုပြီး ရူးရူးနှမ်းနှမ်းတွေလိုက်ချုပ်ချယ်နေတာ တစ်ခါတစ်လေတော့ စိတ်ရှုပ်မိသား။

#ဂျွန်ဂျောင်ဂု



"နုလွန်းတဲ့ပါးထက်က ဒီကောင့်ဓားသွားရာကြောင့်ရထားတဲ့ အမာရွတ်ကမင်းနဲ့သိပ်လိုက်လွန်းနေတာပဲကွာ "

"ခင်ဗျားဘာလုပ်ဦးမလို့လဲ! ကျေးဇူးပြုပြီး ကျွန်တော့်ကိုဒုက္ခလိုက်ပေးနေတာရပ်ပါတော့!"

"ဟက်! အခုကင်မ်ထယ်ယောင်းဆိုတဲ့ဒီကောင်ကို အမိန့်တေပေးနေတာလား"

"........"

"ဓားရာနဲ့မကျေနပ်နိုင်ဘူးထင်တယ် မောင့်စီးကရက်လေးက။ မင်းကသိပ်လှတော့ ငါခဏခဏနစ်မွှန်းနေမိတာကို မကြိုက်တာကွာ တော်ယုံပဲ ချစ်ဖို့ကောင်းစမ်းပါ"

"ဘာတွေပြောနေတာလဲ ရူးသွားတာလား"

"ဟဟ! မင်းကိုအပိုင်မသိမ်းရသ၍ ကင်မ်ထယ်ယောင်းမရူးဘူး။ ဒီကောင့်ကိုလက်ထက်!"

"ဘာရယ်! ဒီမှာ ခင်ဗျားလိုလူကိုလက်ထက်မဲ့အစား ရာသက်ပန်သာသနာ့ဘောင်ဝင်ပစ်မှာ"

"အဲ့လိုရရိုးလား....ခင်ဗျားလို့မခေါ်စမ်းနဲ့ကွာ"

"လူယုတ်မာလို့ခေါ်ပေးမယ်!"

"မောင်! မောင် လို့ခေါ်ကြည့် စီးကရက်လေး "

"သေအောင်ဆုတောင်းလေ လူရမ်းကား!"

"ကျစ်! မင်းမိဘအိမ်ရောက်သွားတည်းကငါ့ကို ကလန်ကဆန်လုပ်နေတာပဲ ခဏပဲစောင့် မင်းမိဘအိမ်ငါလာမယ်"

"ဘာလာလုပ်မှာလဲ! မလာခဲ့နဲ့ ခင်ဗျား"

"ယောက်ျားသွားတောင်းမလို့လေဗျာ။ သဘောမတူရင်တော့ မုဒိန်းကျင့်ယူရမှာပဲ မတက်နိုင်ဘူး အဟွန်း!"

Alcohol and Cigarette(Complete) Where stories live. Discover now