{Unicode}
ဖေကြီးရဲ့အလုပ်ကိစ္စက ၂လတောင်ကြာ
မြင့်သွားခဲ့သည် မပြတ်သေးတဲ့ကိစ္စတွေ
ကြောင့်ဖေကြီးမှာ မနားနိုင်ပြန်လာပြန်
တော့လည်းအိမ်မကပ်ဘဲ ကုမ္ပဏီ၌သာ အချိန်ကုန်နေရသည် မေမေထားမှာတော့
ဖေကြီးအိမ်ထမင်းမစားရတာကြာပြီဖြစ်
သောကြောင့် ဖေကြီးကြိုက်တတ်သည့်
ဟင်းများကိုသာ ရွေးချက်ရသည်ပြင်ဦးလွင်မှလည်း အိမ်ပြန်လက်ဆောင်
များဝယ်လာ၍ မေမေထားမှာထားသည့်
ပန်းပင်တစ်ချို့ကိုလည်း ယူလာပေး
သေးသည် မေမေထားက ပန်းကြိုက်သူ
ဖြစ်ပြီး စိုက်ပျိုးရေးလည်း ဝါသနာပါတာ
ကြောင့် သွန်းတို့ခြံထဲမှာတော့ ပန်းပင်
တော်တော်များများရှိပြီးသီးပင်စားပင်
များပါရှိလေသည်အသီးအရွက်ကိုတော့ လုပ်နိုင်သလောက်
စိုက်ပျိုးပြီးစားသည် ဖေကြီးမှ ပင်ပန်းလို့
မလုပ်ခိုင်းလည်း မေမေထားမှ ဓာတ်မြေ
သြဇာတွေကို တတ်နိုင်သလောက်လျော့
စားရအောင်ဟု ပြောသေးသည် မေမေ
ထားအပြောကိုတော့ သွန်းကောဖေကြီး
ကပါ ရယ်မိတော့သည် သွန်းကိုသာ
ဘာမှမလုပ်ခိုင်းပေမဲ့ သူမကသာ အ
ပင်ပန်းခံ၍လုပ်ပေးသည် ကူလုပ်
ပေးမည် ပြောတိုင်းလည်း လက်မခံ"ဆရာဝန်လုပ်မဲ့လက်က ဆေးထိုးအပ်
ဘဲကိုင်ချင်စမ်းပါ သွန်းရယ် "
တဲ့ မေမေထားရဲ့ သွန်းကို ဆရာဝန်ဖြစ်
စေချင်တဲ့ ဆန္ဒကကြီးမား လွန်းတာ
ကြောင့် သွန်းအနေနဲ့မပေါ့လျော့နိုင်ခဲ့ပါ
သူမဖြစ်စေချင်သည့် ဆရာဝန်ကြီး
ဖြစ်အောင် သွန်းကြိုးစားရသည်
ကိုယ်တိုင်ကလည်း ဝါသနာပါသလို
မေမေထားရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒတွေ
ကြောင့် သွန်းအနေနဲ့ အပျင်းမခိုဘဲ
ရသလောက်ဆည်းပူး
ရသည်ဖေကြီးဝယ်လာပေးသည့် စတော်
ဘယ်ရီသီးများမှာ ကြီးပြီးချိုချို
ချဉ်ချဉ်လေးနဲ့ အရမ်းစားလို့ ကောင်း
တာကြောင့် သွန်းအနေဖြင့်အတော်
များများစားလိုက်မိသည် လက်ဆောင်
ပစ္စည်းများကိုလည်း အသိတွေနဲ့
ဖေကြီးကုမ္ပဏီကသူတွေကိုပါ
ဝေဌပေးရသည် စတော်ဘယ်
ရီသီး စားနေချိန်တုန်းက ခန့်ကို
သတိရတာကြောင့် သူ့အတွက်ကော
ကြီးမြတို့ အတွက်ပါယူပြီး ထွက်
လာလိုက်သည်
YOU ARE READING
မင်းတစ်ယောက်တည်းကသာကိုယ့်ရဲ့ကမ္ဘာ
Romanceနာကျင်စရာအတိတ်တွေရှိနေပြီး ကိုယ့်မိခင်ရဲ့မတရားသေဆုံးမှု ကြောင့်ဖခင်ကိုမုန်းတီးပြီး အမှန်တရားအတွက်နဲ့ရင်ဆိုင်မဲ့ ဂုဏ်ရှိန်ခန့် ချစ်ရသူရှေ့ရောက်ရင်တော့သူရဲ့ရင့်သီးမှုတွေ မာကျောတွေကို မေ့ထားပြီးသန်မာချင်ယောင်ဆောင်နေတတ်သူ တစ်ခါတစ်လေမှာခွေးပေါက်လေးတစ်က...