AN : ပုံစံက စိတ်ကူးထဲကအတိုင်းပုံဖော်မှာဖြစ်ပြီး ကိုယ့်စိတ်ထဲကဇာတ်ကောင်နေရာမှာ ကိုယ့်အတွဲလေးကိုအစားသွင်းကြည့်ပြီးရေးလိုက်ရုံပါ ဒါကြောင့်တစ်ချို့သော အရာတွေကွာဟမှုရှိခဲ့ရင်နားလည်ပေးဖို့မျှော်လင့်ပါတယ် ။
" နီနီ မောင်တောင်းပန်ပါတယ်ကွာ "
" မရှင်းပြနဲ့မောင်ရယ် နီသိပ်စိတ်ညစ်တယ် "
ကျောင်းဝန်းထဲက ကတ္တီပါဖိနပ်အပါးလေးနဲ့ မောင့်အသဲအသက်ကလေးက သိပ်ကိုအပြေးသန်လှသည် "
" နီနီ ရပ်နော် မရပ်ရင် မောင်မင်းကိုပြေးပွေ့မှာနော် "
နီနီ့ဆီက မျက်စောင်းတစ်ချက်အပိုရသည် ။
မောင် ၊ မောင် သိပ်ကို ပရိယာယ်များတတ်တဲ့အကောင်လေး ၊ မောင်ဆိုလို့ အားကောင်းမောင်းသန်ယောက်ျားအရင့်အမာကြီးထင်နေတာလား မောင်ဆိုတာက ကတ္တီပါဖိနပ်အစိမ်းလေးကိုအမြဲစီးတဲ့ ခြေချောင်းနုနုတွေရဲ့ပိုင်ရှင် ၊ ချည်လွယ်အိတ်ပါးပါးလေးကိုအမြဲ လွယ်တတ်တဲ့ ချည်လွယ်အိတ်လေးပိုင်ရှင် ။
" နီမောင့်ကို အတန်တန်မှာထားရက်နဲ့ကိုမောင်ကွာ "
မောင် နဲ့ နီ ဟာ အသက်တစ်နှစ်နဲ့ နှစ်လတင်းတင်းပြည့်အောင်ကွာသည် ၊ မောင်နဲ့နီမှာ နီကအကြီးပီပီ ဂရုစိုက်သည် ၊ အစိုးရိမ်လွန်သည် မောင်သည်ထိုသို့မဟုတ် အငယ်ပီပီ ပေါ့ပေါ့တွေးသည် အေးအေးနေသည် ။
ခုလဲ အစမ်းဖြေရှိသည်ကို အေးဆေးငြိမ်နေသည် မောင့်သူငယ်ချင်းနဲ့တွေ့မှမောင်စာမလုပ်ကြောင်းသိရသည် ၊ ဒါကြောင့်မို့ခေါ်ဆူတော့ ခုလိုမျက်နှာငယ်နဲ့တောင်းပန်ရှာသည် မရတော့အကြမ်းဖက်သည်အထိ ပြေးပွေ့ကာ သူမကိုနမ်းသည် ။
အရှက်အကြောက်ခပ်ကြီးကြီးသူမသည် မောင်နမ်းတဲ့ချိန်တိုင်း နေရာဒေသမရွေး မငြင်းဆိုတတ် ၊ ရှက်စနိုးဖြင့်သာ မောင့်ရင်ခွင်ထဲတိုးဝင်တတ်သည် ။
" နီ "
" ရှင် "
သူမထူးလိုက်သည်နှင့်တပြိုင်နက် ဆံနွယ်ကြားထဲထိုးယှက်ထားတဲ့ သနပ်ခါးပန်းကို ခပ်ဖွဖွမွှေးကြူရင်း သူမနားသယ်စပ်ကိုပါ ခပ်ဖွဖွနမ်းသည် ။
YOU ARE READING
မောင့်ခြေရာ
Randomမောင့်ခြေလှမ်းတွေ ဘယ်ဆီလှမ်းနေလဲမသိပေမဲ့ နောက်ဆုံးဦးတည်ရာက ကျွန်မဆီမှာပြန်ရောက်ရမယ် ။