Part 6🌻

614 55 8
                                    

Unicode

(မနေ့ညက မှားတင်တာ )

"ငါခင်ဗျားကို ချစ်ခဲ့တယ် ။သိပ်ကိုချစ်ခဲ့တယ် ။ဒါပေမယ့် ခင်းဗျာကို ငါမလိုချင်တော့ဘူး မောက်ခမ်းညိုရဲ့....ခင်ဗျားမိဘတွေကလည်း ငါ့လိုယောကျ်ားတစ်ယောက်ကို လက်မှမခံနိုင်ဘဲမလား ။ခင်ဗျားနဲ့ငါ ရှေ့မဆက်ကြတော့တာ အကောင်းဆုံးပါပဲ"

ဆွဲထားတဲ့ သူ့လက်တွေကို တဖြည်းဖြည်း ဖြုတ်ချလိုက်သည့် ကောင်းလေး...။အဲဒီကောင်လေးရဲ့ နောက်ကျောပြင်...။နောက်တစ်ကြိမ် သူ့ကို ထားသွားပြန်ပြီ ။ယခင်နှစ်တွေကလို သူ့ကိုထားခဲ့ပြန်တော့မည် ။

"ကမ္ဘာ...ကမ္ဘာ..."

တိုးဖွဖွရေရွတ်လိုက်မိတယ် ။တဆက်တည်း အကျယ်လောင်ဆုံး အော်ခေါ်မိပြန်တယ် ။သို့သော် ပုံရိပ်တွေဟာ တစ်စတစ်စ ပျောက်ကွယ်လုပြီ ။

"ကမ္ဘာ......"

မျက်ရည်ပူတွေ လှိမ့်ဆင်းလာတယ် ။ပါးထက်က အငွေ့အသက်တွေက ရင်ဘတ်ထဲအထိ စိုစွတ်ကုန်တယ် ။အသက်ရှုဖို့ ခွန်အားတွေ မရှိတော့တဲ့နောက်ဝယ်...။

"အကို ဘာဖြစ်လို့လဲ ။အကို...ငါခေါ်နေတယ်လေ ။ထပါဦး ။ခင်ဗျားဘာလို့ငိုတာလဲ...အကိုခမ်းညိုရဲ့....ဒီမှာ ငါရှိနေတယ်လေ"

မျက်တောင်စိတ်စိတ်တွေ ပွင့်ဟလာသူက နံဘေးမှာ ထိုင်နေတဲ့သူ့ဘက်ကို အဖြေရှာသလို ကြည့်လို့လာတယ် ။ မျက်ရည်တွေကျလာရင်း လက်နုနုတွေက သူ့ပါးပြင်အား ထိတွေ့ပြန်တယ် ။

"ကမ္ဘာ....."

"ကမ္ဘာ..."

အသံတွေက တုန်ရီလှိုက်မောနေပြန်တယ် ။ ဒီလူကိုကြည့်ရင်း သူကိုယ်တိုင် အော်ငိုပစ်လိုက်ချင်တယ် ။တဖြည်းဖြည်းထဖို့ ကြိုးစားနေသူအား လျင်မြန်စွာ သူထွေးပွေ့ထားလိုက်တယ် ။ဒီလူရဲ့ စိတ်ဆိုတဲ့မြေမှာ ဒဏ်ရာတွေကို သူကိုယ်တိုင် စိုက်ပျိုးခဲ့မိတာ ။ ညတိုင်းညတိုင်း ထိုလူဟာ အိပ်မက်ဆိုးတွေကြား ယောင်ယမ်းပြီး အမြဲနိုးထရတယ် ။ ဒါတွေဟာ သူပေးခဲ့တဲ့ စိတ်ဒဏ်ရာတွေပေါ့ ။

"ကမ္ဘာကလေ....ကိုယ့်ကို ချန်ထားခဲ့တယ် ။သိလား....ကမ္ဘာက ကိုယ့်ကို ချန်ထားခဲ့တယ် ။ ဟိုးအရင်တုန်းကလို ကမ္ဘာက ကိုယ့်ကို ချန်ထား...."

"ချစ်သော မောက်ခမ်းညို"(Completed)Where stories live. Discover now