မနက် ၈ နာရီ။
"ဟယ်လို တို့ကောင်လေး ကျောင်းသွားပြီလား..."
မနက် ၉ နာရီ။
"ဟယ်လို တို့ကောင်လေး စာသင်ခန်းထဲမှာလား..."
မနက် ၁၀ နာရီ။
"ဟယ်လို တို့ကောင်လေး အတန်းနားနေတာလား..."
.
.
.
.
.
နေ့လယ် ၁ နာရီ။"ဟယ်လို တို့ကောင်လေး နေ့လယ်စာ စားပြီးပြီလား...ငါ့ကိုသတိရနေတာလား..."
အစည်းအဝေးအခန်းထဲမှထွက်လာသည့် ရှောင်းကျန့်က ဝမ်ရိပေါ်ကို ဖုန်းခေါ်ဆိုပြီးသည့်အခါ နေ့လယ်စာစားဖို့ပြင်၏။ ရမ်က အစားအသောက်များပြင်ပေးနေရင်း ရှောင်းကျန့်၏ မျက်နှာရိပ်ကိုကြည့်လိုက်ကာ...
"အစ်ကိုလေး...ကျွန်တော်တစ်ခုလောက်ပြောလို့ရလားခင်ဗျ..."
"ဘာလဲ..."
ရမ် အသက်ဝဝရှူလိုက်ပြီး...
"ရိပေါ်ကို အချိန်တိုင်းဖုန်းတွေမဆက်ပါနဲ့လား...တစ်နာရီခြားတစ်ခါဆက်နေတော့ ရိပေါ်စိတ်ရှုပ်နေရင်ဘယ်လိုလုပ်မလဲ..."
"ငါ့ကိုစိတ်ရှုပ်စရာလို့ပြောနေတာလား..."
"မဟုတ်ပါဘူး ခင်ဗျ...ရိပေါ်က ကျောင်းမှာဆိုတော့ အစ်ကိုလေးဖုန်းဆက်တဲ့အချိန်တွေက စာသင်ချိန်တွေဆိုရင် အခက်တွေ့မှာစိုးလို့ပါ..."
"ဟုတ်လား...အဲ့တာဆိုငါက ဖုန်းမဆက်ရတော့ဘူးလား..."
"အဲ့လိုမဆိုလိုပါဘူး...ဥပမာ မနက်ခင်းကျောင်းမသွားခင်တစ်ခါလောက်ဆက်၊ နေ့လယ်စာစားချိန်အားနေတဲ့အခါလေးတွေ တစ်ခါလောက်ဆက် အဲ့လိုမျိုးလေးတွေဆိုလိုတာပါခင်ဗျ..."
ရမ်၏ အကြံပေးချက်ကို ရှောင်းကျန့် နားလည်သလိုလို၊ နားမလည်သလိုလိုဖြင့် နားထင်စပ်လေးကိုလက်ညိုးနဲ့ကုတ်လိုက်ပြီး...
"ဒါနဲ့ မနေ့က ပြောထားတဲ့ဟာ စီစဉ်ပြီးပြီလား..."
"ဟုတ်ကဲ့ စီစဉ်ပြီးပါပြီ ခဏလေးစောင့်ပါ ကျွန်တော်သွားယူပေးပါ့မယ်..."
ရုံးခန်းအပြင်သို့ထွက်သွားသည့် ရမ်က ခဏအကြာမှာပြန်ဝင်လာပြီး ရှောင်းကျန့်၏ လက်ထဲသို့ဘူးလေးတစ်ခုထည့်ပေးလိုက်၏။ ရှောင်းကျန့်က ထိုဘူးလေးကို ဖွင့်ကြည့်လိုက်ပြီး အထဲက အနီရောင်ချည်ကြိုးလေးများဖြင့် ကျစ်ထားသည့် လက်ပတ်လေးနှစ်ခုကိုကြည့်ကာပြုံးလိုက်သည်။
BẠN ĐANG ĐỌC
Healing A Broken Soul
Fanfictionဒီကမ္ဘာပေါ်မှာလေ ဖြစ်တည်မှုတိုင်းကချစ်စရာကောင်းတယ်ဗျ။ Cover Photo Crd: