ချစ်ရပါသော အမျိုးသမီးငယ်♡
ဧကရီခင်ဆိုတဲ့ ကျွန်မ...ကျောင်းစာနဲ့ပဲအမြဲတမ်း နပန်းလုံးနေတတ်တဲ့ စာဂျပိုးမလေးပေါ့။ဘ၀က်ို ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းတဲ့ကောင်မလေး။ဘာအပူအပင်မှမရှိတဲ့ ခလေးတစ်ယောက်လိုပါပဲ။
နေသာသော တစ်နေ့ ...
ဒီနေ့မနက်ခင်းလေးဟာ အရမ်းကြည်နူးနေသလို လမ်းဘေးသစ်ပင်တွေကအစ စိမ်းစိုပြန်တယ်။ကျွန်မ သီချင်းကလေးညည်းရင်း စက်ဘီးကို ခပ်ဖြေးဖြေးလေး နင်းပြီးကျောင်းကို သွားခဲ့တယ်။ကျောင်းဝန်းထဲအရောက် ကျွန်မ စက်ဘီးထားနေကျနေရာတွင် စက်ဘီးတစ်စီး ရပ်ထားတာတွေ့လိုက်တော့ စိတ်ထဲတွင် ကသီကအောင့်ဖြစ်မိသည်။အဲ့ဒီစက်ဘီးရဲ့နောက်မှာ ကျွန်မစက်ဘီးလေးရပ်ပြီး အခန်းထဲကို ဝင်သွားခဲ့ရတာပေါ့။
အတန်းထဲအရောက်...
"သဲဖြူ...ငါရပ်နေကျ စက်ဘီးနေရာမှာ ဘယ်သူစက်ဘီးရပ်တာလဲ နင်သိလား။"
"ဘယ်သိမလဲဟဲ့...ငါက ခုနကမှ ကျောင်းရောက်တာလေဟယ်...။"
ကျွန်မလည်း သဲဖြူကို ဘာမှဆက်မမေးတော့ဘဲ စာအုပ်တွေကို ပြန်စစ်ကြည့်နေလိုက်သည်။
ထိုအချိန်တွင် အရပ်ရှည်ရှည်၊အသားကခပ်လတ်လတ်ရှိတဲ့ အစ်မတစ်ယောက်က ကျွန်မတို့ ထိုင်ခုံရှေ့တွင် မတ်တပ်ရပ်ပြီး ခုံကိုလက်နဲ့ခေါက်ရင်း...
"ဟိတ်...ချာတိတ်...။
ဟိုနားက ရပ်ထားတဲ့ စက်ဘီးက မင်းဟာလား။"သူမရဲ့အောက်နှုတ်ခမ်းလေး အသာကိုက်ကာ စက်ဘီးဆီသို့ လက်ညိုးလေးထိုးပြရင်း မေးလာသည်။
"ဟုတ်တယ် ဘာလို့လဲ။"
"ကိုယ့်စက်ဘီးနဲ့ မလွတ်လို့ ရွေ့ပေးပါလား။"
"ဘာလဲ...ရွေ့ပေးရမယ် ဟုတ်လား...။
အဲ့နေရာက ကျွန်မ စက်ဘ်ီး အမြဲထားနေကျနော်၊ရှင်ပဲ ရွေ့ပေးရမှာ...။""စက်ဘီးပဲရွေ့ခိုင်းတာပါ၊မင်းကလဲ... လူသတ်တော့မဲ့ပုံစံမျိုးနဲ့။"
YOU ARE READING
ချစ်ရပါသော အမျိုးသမီးငယ်♡
Short Storyမနက်ဖြန်ဆိုတာ မသေချာတဲ့ နေ့စွဲတစ်ခုဖြစ်လို့ ဒီနေ့မှာ ပိုပိုသာသာလေး ချစ်ပေးပါ ခင့် အမျိုးသမီးငယ်လေးရေ...♡