Unicode
"အေးနေတုန်းဘဲ"
မနက်စောစောစီးစီးနိုးလာတာကြောင့် အသံခပ်ဩဩဖြစ်နေတာကလဲBible ရဲ့ဆွဲဆောင်မှုတမျိုးလား။နားထောင်လို့ကောင်းသား။သူ့ရည်းစားက တော့ နောက်ဆိုရင် အဲ့အသံကိုမကြားချင်မှ အဆုံးဖြစ်နေမှာဘဲ။
"နိုးရင်လဲ ထတော့ သွားတိုက်တံအသစ်ထုတ်ထားပေးတယ် ပြီးရင် အိမ်ကောင်းကောင်းပြန် "
"ကျွန်တော်လဲလိုက်ချင်တယ်...မဟုတ်ဘူး လိုက်မှာ"
"ဟမ်..."
ငါထပ်ပြီး နားကြားမှားနေတာလား။ Build မင်းကတော့ကွာ ဟား..နားဖာချေးတွေ ကလော်သင့်နေပြီဘဲ။"ထပ်ပြီး နားကြားမှားနေတာလား လို့တွေးနေပြန်ပြီလား၊နားကြားမမှားပါဘူး..Buildကြားတဲ့ အတိုင်းဘဲလေ"
နေပါဦး၊ငါက သူ့ကိုခေါ်မယ်များထင်နေတာလား။ဘာလို့ မျက်နှာထားက ယုံကြည်ချက်အပြည့်ရှိနေတာလဲ။ကုတင်ပေါ်မှာ ထိုင်ပြီး လက်ကို နောက်ပစ်ထောက်ထားပြီး ငါ့က်ို 'မခေါ်ချင်လဲခေါ်ရမှာဘဲ ဘယ်လိုလုပ်မလဲ' ဆိုပြီး မျက်ခုံးတောင်ပင့်ပြလိုက်သေးတယ်။Bible သာ ငါ့ညီဆိုရင် သူ့နရင်းကို ဆယ်ပြန်လောက်အုပ်ပြီးပြီ။
"ဟေ့ကောင်... ငါ့အိမ်၊ငါ့ကုတင်ပေါ်မှာလဲ လာတက်အိပ်သေးတယ် ခရီးကိုဘာလိုက်လုပ်မှာလဲ..ငါ့တယောက်စရိတ်နဲ့တင် ကုန်တာများနေပြီ..မင်းပါလိုက်ရင် အမလေး မတွေးရဲစရာဘဲ ၊ရှုပ်ကရှုပ်နဲ့ မလိုက်နဲ့ သွားသွား..."
ငါငြီးငြီးငြူငြူမကျေမနပ်ပြောလိုက်တယ်။ငါက သူ့ကို မလိုက်စေချင်ကြောင်း၊သူလိုက်ရင် ရှုပ်တယ် လို့ပြောလိုက်ရင် သူ့ရဲ့သူဌေးမာနက လဲရှိသေးတယ်။ဆိုတော့ သူ ကျိန်းသေပေါက် မလိုက်တော့မှာသေချာတယ်။အလကားသပ်သပ်လိုက်ချင်တယ်ဆိုပြီး အာချောင်တာ နေမှာပေါ့။ဘယ်သူဌေးက အငှါးကားစီးပြီး ခရီးသွားချင်မှာလဲ။
"မရဘူး လိုက််မှာဘဲ Buildက ကျွန်တော့်ကိုမခေါ်ချင်တာ သိလိုက်ရတော့ စိတ်မကောင်းဘူး၊ကျွန်တော့်ကို စိတ်ရှုပ်လို့လား"
အသံငယ်လေးနှင့် ခေါင်းငုံ့ချပြီး ပြောလိုက်တော့ ငါ အားနာ သွားတယ်။ ငါကလဲ မခေါ်ချင်တာတော့ မဟုတ်ပေမဲ့ ငါလဲ ငါ့အလုပ်နဲ့ ငါသွားမှာလေ။