Chapter - 104

2.1K 364 7
                                    

Unicode

မှိုကြက်သားဆန်ပြုတ်
________________

ညရောက်တဲ့အခါ ရှန်ဖူက ကုတင်ပေါ်မှာလှဲလျက် လင်ရှုယီဆီဖုန်းဆက်သည်။ ဖုန်းက အချိန်အတော်ကြာမြည်နေပြီးမှ လင်ရှုယီရဲ့ကြည်လင်အေးမြတဲ့အသံလေးထွက်ပေါ်လာသည်။

"ကျွန်တော် အခုမှ ထောင်ထောင့်ကိုရေချိုးပေးလို့ပြီးတာ။"

လင်ရှုယီပြောတာက အမှန်ပါဆိုတာကိုသက်သေပြသည့်အလား ဘေးနားရှိထောင်ထောင်က ရုတ်တရက်ရယ်မောလာ၏။ လင်ရှုယီက ထောင်ထောင့်ကို အသံတိုးတိုးနဲ့စကားပြောနေတာကို ရှန်ဖူကြားလိုက်သည်၊ ထောင်ထောင်က ခြေလှမ်းသေးသေးလေးတွေနဲ့ကုတင်နားကနေခွာကာ ဖုန်းဆီလျှောက်လာသည်။ ထို့နောက် သူကရယ်မောကာခေါ်သည်။

"ဒယ်ဒီ။"

ရှန်ဖူတစ်ယောက် သူ့မျက်လုံးတွေကွေးညွတ်သွားသည်အထိ အလိုလိုပြုံးမိရသည်။

"လိမ္မာတယ် ထောင်ထောင်လေး။"

ဖုန်းထဲကနေ ရှန်ဖူ့အသံထွက်လာတာကိုကြားတဲ့အခါ ထောင်ထောင်တစ်ယောက် မျက်လုံးအပြူးသားနဲ့အံ့ဩကာဖုန်းကိုစိုက်ကြည့်နေသည်။ ထို့နောက် သူက ဖုန်းဆီလက်လှမ်းလိုက်ပြီး သူ့လက်ထဲကိုင်ကာလေ့လာ၏။ အသံဘယ်ကလာတယ်ဆိုတာကို သူမသိပေ။ သူက လင်ရှုယီကိုကြည့်လိုက်ပြီးနောက် ဖုန်းကို သူ့နားမှာပြန်ကပ်ကာခေါ်လိုက်သည်။

"ဒယ်ဒီ။"

ရှန်ဖူက 'ဟမ်?'ဟုတုန့်ပြန်၏။

ထောင်ထောင် အတော်လေးပျော်သွားပြီး ဖုန်းကိုလက်မှာကိုင်ကာ ဟိုလှိမ့်သည်လှိမ့်ဖြင့်အဆက်မပြတ်ခေါ်တော့၏။

"ဒယ်ဒီ၊ ဒယ်ဒီ..."

ရှန်ဖူနဲ့လင်ရှုယီတို့မှာ ရယ်ချင်စိတ်ကိုထိန်းမထားနိုင်ကြတော့ချေ။

ရေချိုးပြီးနောက်မှာ ရှောင်ယွီက အောက်ခံဘောင်းဘီလေးဝတ်ကာထွက်လာသည်။ ထောင်ထောင်က ဖုန်းတစ်လုံးကိုဖက်ကာ 'ဒယ်ဒီ'လို့အဆက်မပြတ်ခေါ်နေတာကို သူတွေ့လိုက်ရတာမို့ သူကလည်း ထောင်ထောင့်နားရောက်လာသည်။

ထောင်ထောင်က သူ့အစ်ကိုထွက်လာကာ ဘာမှမဝတ်ဘဲ ကုတင်ဘေးနားလျှောက်လာတာကိုတွေ့သွားသည်။ သူက ဖုန်းကိုမက ရှောင်ယွီ့နားကပ်ပေးလိုက်သည်။ ထို့နောက် ထောင်ထောင်က ရှောင်ယွီ့ကိုမျက်လုံးအဝိုင်းသားလေးတွေနဲ့ကြည့်ရင်းဆို၏။

I'm a Chef in the Modern Era [Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang