လွင်ပြင်ငယ်လေးမှာ ပြန်ရောက်ထဲက မျက်နှာမကောင်းတာကြောင့် Bright မှာလည်း အရိပ်တကြည့်ကြည့် ကြည့်နေရ၏။စီးပွားရေး ကိစ္စတွေကလည်း ရှိနေသေးတာမို့ အလုပ်ကလည်း များလွန်းလှ၏။သူ့ Team အားကိုးနဲ့ရော Panly ကလည်း အပန်းဖြေစခန်းတွေကို ကြည့်ပေးထားလို့သာ သူ အသက်ရူချောင်နေတာ..။
"Phi Nani ကလေးငယ်ရော..."
"First နဲ့ အပြင်ထွက်သွားတယ် Bright ဝယ်စရာရှိလို့တဲ့ "
"အခြေအနေရော အဆင်ပြေရဲ့လား မနေ့ထဲက မျက်နှာမကောင်းတာကို မေးလို့မရဘူး..."
"Phi ကိုလည်း ဘာမှမပြောဘူး First လာရင် မေးကြည့်အုံးမယ် "
"အဲ့ကလေးကလေ တစ်ခုခုဆို ပြောပါဆို မပြောဘူး "
"ဒီရက်ပိုင်း အနေအထိုင်တွေ ဆင်ခြင်ကြအုံးနော် CEOက လုံးဝ stalk နေတာ ဂျာကြီးတွေကို စကားနှိုက်နေတယ်တဲ့ "
အေးအေးဆေးဆေး နေတတ်တဲ့ Phi Nani တောင် သတိပေးလာတယ်ဆိုတော့ ဒယ်ဒီဘက်က သူတို့နှစ်ယောက်အကြောင်း သတင်းတစ်ခုခုရထားလို့ ထင်၏။
"Kha Phi Nani "
"ပြီးတော့ Win ကိုလေ First နဲ့ဘဲ ပြန်နေခိုင်းရင် ကောင်းမယ် Leader "
"အင်း သဘောပေါက်ပြီ "
စတွဲထဲက နှစ်ယောက်အတူတူနေဖြစ်ခဲ့ကြပြီး member တွေကလည်း ဘာမှမပြောဘဲ လွှတ်ပေးထားတာ..။ကလေးငယ် အနေရကျပ်လာတယ်ဆိုရင်တော့ အပြင်မှာ တိုက်ခန်းဝယ်ပြီး နှစ်ယောက်ထဲ သွားနေမှာလို့ ဆုံးဖြတ်ပြီးသား...။ကလေးငယ်ပြန်မရောက်သေးတာနဲ့ အခန်းထဲ ပြန်ဝင်ကာ လုပ်စရာရှိတာတွေ လုပ်နေလိုက်၏။
"ကိုကို "
"ပြန်ရောက်လာပြီလား Babe "
"အင်း "
"ကိုကို့ဆီ လာပါအုံး "
အခန်းထဲက စာကြည့်ခုံမှာ ထိုင်နေရင်း လက်ဆန့်ကာ ခေါ်တော့ သူ့ပေါင်ပေါ် တက်ထိုင်လာ၏။
"Babe ဘာဖြစ်နေလဲ ကိုကို့ကို မပြောပြချင်ဘူးလား "
ကိုယ်လုံးလေးကို ဖက်တွယ်ထားရင်း ကိုယ်သင်းနံ့လေးကို ရူရှိုက်ကာ မေးတော့ ခေါင်းခါပြလာ၏။
YOU ARE READING
Falling In Love (Completed)
FanfictionPlot ရတိုင်း ထရေးချင်ပေမယ့် လူက အဲ့လောက် မလိုက်နိုင်ဘူး ဖြစ်နေတယ် မြတ်နိုးရာလေးတွေမို့ Fiction ထဲ ထည့်သိမ်းထားချင်တဲ့ သဘောပါ ဒီထဲမှာတော့ Phi Bright ကို ကိုယ်ဖြစ်စေချင်တဲ့ အတိုင်း ပုံဖော်ထားပါတယ် အမြဲတမ်း ခံစားချက်တွေကို ဖုံးကွယ်တတ်လွန်းလို့ ခံစားချက...