၁၆ - အချစ်သို့ ဦးတည်ရာဝယ်

267 3 2
                                    


သူမလေးကို ဘေးလူတွေ အာရုံမစိုက်ရအောင်..
အပြင်ခေါ်ထုတ်လာရပေမဲ့...သူလဲ စိတ်မသက်သာပါ
သူမလေးရဲ့ ရိုးသားတဲ့ ဂုဏ်ကို ဘေးလူတွေ ပုတ်ခတ်
ပြောမှာကို သူ လုံးဝ သည်းခံနိုင်မည်မဟုတ်တာ
ကြောင့်...ဤသို့ ရှောင်ထွက်လိုက်ခြင်းသာ...

သူ့ရဲ့ ကွန်ဒိုကိုသာ လာခဲ့လိုက်ရသည်လေ...ဒီလိုမှ
သူမလေးအတွက် သက်သာရာ ရမည်ထင်၍ပါ...
ဒါပေမဲ့ သူမလေးက သူ့ကို တစ်ချက်လေးတောင်
မကြည့်သလို စကားလဲ တစ်ခွန်းမှ မပြောပါ...

အနည်းဆုံးတော့ ဘယ်သွားမယ်...ဘယ်နေရာလဲ...
ဆိုတာတော့ မေးရမှာ မဟုတ်လာ...ဒါမဲ့ အဲ့စကားတွေ
တစ်ခွန်းမှ မပြောတဲ့အပြင် သူ ခေါ်ရာနောက်သို့
အသက်မဲ့ လူသားတစ်ယောက်ကဲ့သို့သာ

ရဲနွေဦးရဲ့ ခြေလှမ်းကျဲတွေက စက်တပ်ထားသလား
တောင် ထင်ရသည်...နှင်းပန်းပွင့်ရဲ့ ကိုယ်လေးကို
အသာလေး ပွေ့ချီလာကာ ဆိုဖာပေါ်မှာ အသာအယာ
လေး ချပေးလိုက်ပြီး....

" ခဏ နားလိုက်နော်...."

ရဲနွေဦးမှာ စိုးရိမ်စိတ်နဲ့ ထပ်တူ ပူပန်မှုတို့က သူ့ကို
အသေသတ်နိုင်လောက်အောင် အားကောင်း
နေသည်မဟုတ်လား....နှင်းပန်းပွင့်မှာ သူထားတဲ့
နေရာ၌သာ ကျောက်ရုပ်တစ်ရုပ်လို့ တုန်တုန်မျှ
မလှုပ်

" ဟီး....ဟင့်... ဟင့်..... "

နှင်းပန်းပွင့်ရဲ့ ပါးပြင်မှာ မျက်ရည်များဖြင့် ငိုကြွေး
နေသည်....သို့သော်...သူမက အတက်နိုင်ဆုံး
ထိန်းနေရင်းကြားက တားဆီးမရစွာ မျက်ရည်
လေးတွေက ဖြိုးဖြိုးဖြိုက်ဖြိုက်ပင်......

" နှင်းပန်းပွင့်.. နှင်းပန်းပွင့်... "

ရဲနွေဦးရဲ့ အလောတကြီးနှင့်အတူ ကြင်နာမှုဖြင့်
သူမလေးရဲ့ အနားသို့ ရောက်လာကာ ခေါ်သော်ငြား
သူမလေးကတော့ ခေါင်းလေးငုံ့ကာ ကိုယ်လေးတုန်တက်
သည်အထိ တတိတ်တိတ်နဲ့ ငိုနေဆဲဖြစ်၍

" နှင်းပန်းပွင့်.... ကိုယ်ခေါ်နေတယ်လေ....နှင်းပန်းပွင့်
ကိုယ့်ကို ကြည့်ပါအုံးကွာ...နှင်းပန်းပွင့်... ကိုယ့်ကို
ကြည့်...."

" ဟင်း...ဟင့်...ဟင့်........"

ရဲနွေဦးမှာ နှင်းပန်းပွင့်ရဲ့ ကိုယ်လေး လှုပ်ခါသွားသည်
အထိ ညင်သာမှုဖြင့် ပခုံးနှစ်ဖက်က ကိုင်ကာ...

အချစ်သို့ ဦးတည်ရာဝယ်Onde histórias criam vida. Descubra agora