(Unicode)
ကြယ်လေးတွေက နေ့ခင်းဘက်မှာ မတောက်ပကြဘူး။ ကြယ်လေးတွေက ညကောင်းကင်ယံမှာ လမင်းနဲ့အတူ ထွန်းလင်းတောက်ပပေးကြတဲ့ ဂြိုလ်ကလေးတွေတဲ့။ နေ့ခင်းဘက်ကတော့ နေမင်းကြီးအပိုင်စားရထားသလိုပင် ကြယ်ကလေးတွေက ရှိရင်တောင် မပေါ်ထွက်နိုင်ဘူးတဲ့။ဒါပေမဲ့ သူက ကြယ်ကလေးတွေကို နေ့ခင်းဘက်မှာ တွေ့လိုက်ရတယ်။ ကြယ်လေးတွေက ဘာလို့နေ့ဘက်တောင် တလက်လက်တောက်ပနေရသလဲ။
သူ့ရှေ့အိမ်က ကောင်ကလေးမျက်ဝန်းထဲမှာ ကြယ်ကလေးတွေ စုနေတယ်။ ကြယ်ကလေးတွေမှ တစ်လက်လက်နဲ့။
အဲ့ကောင်ကလေး မျက်ဝန်းတွေက ကြယ်ကလေးတွေလို တလက်လက်နဲ့တောက်ပနေသလို တစ်ချိန်တည်းမှာ ထိုမျက်ဝန်းနက်တွေရဲ့ အကြည့်တွေက ချောက်ကမ်းပါးအစွမ်းကနေ ပြုတ်ကျသွားသလိုပင်။ သူဟာ အဲ့မျက်ဝန်းအကြည့်တွေထဲကနေ ရုန်းမထွက်နိုင်တော့ဘူး။
အဲ့ကောင်ကလေးက အရင်ဘဝက ဆုတောင်းကောင်းတွေ ပြည့်ခဲ့တဲ့ပုံပေါ်သည်။ ဒါမှမဟုတ်ရင် ဘုရားရှင်ဆီကနေ လက်ဆောင်မွန်လေးတွေ ရလိုက်တာဖြစ်မည်။
အဲ့ကောင်ကလေးဆီမှာ ကြယ်တာရာ မျက်ဝန်းနက်ကလေးတွေရှိနေတယ်။
အဲ့ကောင်ကလေးဆီမှာ နတ်သမီးနှင်တံမှ ချကြဲသွားသော ငွေနှင်းမှုန် frecklesလေးတွေရှိနေတယ်။
ဟောကြည့်ပါဦး။ မျက်ခုံးထူထူလေး၊ နှာတံချွန်ချွန်လေး၊ ပါးဖောင်းဖောင်းလေး၊ နှုတ်ခမ်းလုံးလုံးသေးသေးလေး၊ ထင်ရှားနေတဲ့မေးချွန်ချွန်လေးနဲ့ လက်ဖောင်းဖောင်းလေးတွေ။ ဘယ်လိုလူစားမျိုးမို့ ထိုကဲ့သို့ အဆုံးစွန်ပြည့်စုံနေရော့ဘိသလဲ။
ဒါပေမဲ့ သူတို့တွေ့ဆုံမှုက အတော်ကိုရိုးရှင်းခဲ့သည်။ အဲ့ကောင်ကလေးက သူအသက်၂၅နှစ်ပြည့်မှာ အိမ်နဲ့ခွဲနေတော့ ပြောင်းလိုက်တဲ့ရှေ့အိမ်က သူ့ထက် တစ်နှစ်ငယ်တဲ့ကောင်ကလေးသက်သက်။ ထိုကောင်ကလေးက သူစပြီးအိမ်ပြောင်းတဲ့နေ့တုန်းက သူ့ခြံထဲမှာ အပင်ရေလောင်းနေခဲ့သည်။ အဲ့တုန်းကလေ သူက ထိုကောင်ကလေး ဆူထော်ထော်နဲ့အပင်ရေလောင်းနေတာကို ကြည့်ပြီး အူတယားယားဖြစ်ခဲ့ရသည်။ တစ်နှစ်ကွာဟတဲ့ကောင်ကလေးကို သူကတော့ ၁၀နှစ်ငယ်တဲ့ကလေးလေးကို မြင်သလို မြင်ခဲ့သတဲ့။ ဒါပေမဲ့ သူ့အပြစ်ချည်းရယ်မဟုတ်၊ ထိုကောင်ကလေးကိုက ချစ်ဖို့ကောင်းလွန်းနေတာဖြစ်မည်။ ဒါက သူတို့နှစ်ယောက်စတင်တွေ့ဆုံမှုပေမဲ့ ထိုကောင်ကလေးကတော့ သူ့ကို မမြင်သဖြင့် တစ်ဖက်သက်စတင်တွေ့ဆုံမှုသာ။
YOU ARE READING
Are the stars shining even during the day?
Fanfictionကြယ်လေးတွေက ဘာလို့နေ့ဘက်တောင် တလက်လက်တောက်ပနေရသလဲ။ လူတွေက ဘာလို့အဲ့လောက်ထိတောင် ချစ်နိုင်ရသလဲ။ လူတစ်ယောက်ပျမ်းမျှအသက်ကလဲ ဘာလို့ ၇၅နှစ်လောက်ထိပဲ ဖြစ်နေရသလဲ။