𝟿

936 99 29
                                    

Unicode

Bible ~

"ကျွန်...ကျွန်တော်..Buildကို..ပြော..ပြောစရာရှိတယ် အရေးကြီး..ဒီနေ့ပြောမှကိုဖြစ်မှာ"

"အေး..ပြောလို့..ဘာတွေ ထစ်အ ထစ်အ ဖြစ်နေတာလဲ"

"Build...ကျွန်တော်လေ.."

"ဟော...ပြောပါဆို"

Build မျက်နှာကို တည့်တည့်တောင် စိုက်မကြည့်ရဲတော့ဘူး။နှလုံးခုန်နူန်းက ဒုန်စိုင်း ဒုန်းစိုင်းဘဲ။Buildက လဲ ငါဘာပြောမလဲဆိုတာ စောင့်နေတာ။Build ရဲ့ အကြည့်က ငါ့မျက်နှာဆီမှာဘဲရှိနေပြီ ပြောမယ့်စကားကို စောင့်နေတာ။ ငါအတတ်နိုင်ဆုံးကို စိတ်ကို လျော့ထားလိုက်တာ။ပထမအကြိမ်လဲမဟုတ်ဘူးလေ..ဟူးးBible Calm down!!

"Build ...."

"အေး ပြောပါဆို ငါစိတ်မရှည်တော့ဘူး"
Build အသံက ဘောက်ဆက်ဆက်။

"ကျွန်တော် ဗိုက်ဆာလို့"

"ဘာ..."

ငါ အခုလေးတင် ဘာ သောက်တလွဲပြောလိုက်တာလဲ။ ငါပြောချင်တာ အဲ့စကား မဟုတ်ဘူးလေ။ဘာ..ဗိုက်ဆာ တယ်လို့ပြောလိုက်တာလား။ငါ စိတ်လှုပ်ရှားတာ တဖက်ကမ်းလွန်ပြီး ပေါက်ကရပြောလိုက်မိတာလား။ သေချာတာ ကတော့Buildဆီက ဩဝါဒ တွေ ကြားရတော့မှာဘဲ။

"ကျွန်တော် ဗိုက်..အင်း..ဟုတ်တယ် ဗိုက်အရမ်းဆာနေပြီလို့..အဲ့ဒါကြောင့် တခုခုသွားစားရအောင်"

"အဲ့ဒါလေးပြောဖို့ကို ဘော မလို့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာလား ၊ဗိုက်ဆာ နေပြီဆိုလဲ ပြောပါလား..ရုတ်တရက်ကြီး အလန့်တကြား ငါ့ကို ဆွဲခေါ်သွားရလား ဆရာ့ကို အားနာအောင် လို့ ၊မင်းက ဗိုက်ဆာ တယ်ဆိုပြီး အလောတကြီး ထွက်လာပေမဲ့ တဖက်က ဆရာက တမျိုးထင်သွားရင် ဘယ်လိုလုပ်မလဲ သူသင်ပြပေးတာ မကောင်းလို့လား အဆင်မပြေလို့လား..အဲ့လိုတွေးတတ်တဲ့သူဆိုရင် ဘယ်လိုလုပ်မလဲ "

Buildက အလိုမကျဟန် ဖြစ်သွားရင်း ငါ့ကို ဆူပူတော့တာဘဲ။အဲ့ နှာဘူးဆရာက Build တွေးနေသလို တွေးမှာတောင် မဟုတ်ဘူးဆိုတဲ့ အကြောင်းကို Build ကို နမ်းပြီးတော့ တောင်ရှင်းပြချင်မိပါရဲ့။အဲ့လောက် အတွေးတွေက ဖြူစင်နေ ရင် ဒီက ကောင် ဘယ်လိုလုပ်ရမလဲ။

Memories [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now