ဒီနေ့ကတော့ ဘူချွန်းမြို့ရဲ့ မီးပုံးပျံပွဲတော်ဖြစ်တယ်။ဘူချွန်းရဲ့ တစ်နှစ်မှာ တစ်ကြိမ်သာ ကျင်းပလေ့ရှိတဲ့ပွဲမို့ လူတွေစည်ကားလျက်ရှိနေပြီး နေရာတိုင်းလိုလိုမှာ ရောင်းစုံမီလုံးတွေ တွေ့ရသည်။
တိုးကြိတ်နေတဲ့ လူတွေကြားတွင်အထက်တန်းကျောင်းသား ပတ်ချန်းယောလ်နဲ့ ဆေးကျောင်းသား ဗြောင်ဘတ်ဟျွန်းတို့နှစ်ယောက်ကိုလည်းတွေ့ရလိမ့်မည်။
'အကို ဖြစ်ပါ့မလားဟင်'
'ဖြစ်ပါတယ်ချန်းယောလ်ရဲ့ အကို့အဖေက သဘောကောင်းပါတယ်ဆိုမှ အကိုဖြေပေးနေရတာ ဘယ်နှစ်ခေါက်တောင်ရှိပြီလဲ လူကတိုးရတဲ့ထဲ'
ချန်းယောလ်ဒီတစ်ခါနဲ့ဆို ဖြစ်ပါ့မလားဟုမေးတာ လေးကြိမ်မြောက်လောက်ရှိပြီ။အထက်တန်းကျောင်းသားချန်းယောလ်က ဘတ်ခ်ဟျွန်းလို အေးဆေးသမားမဟုတ်ပဲ တက်တက်ကြွကြွရှိတယ်။ဘတ်ခ်ဟျွန်းက ချန်းယောလ်အား သူ့ဖေဖေနဲ့ ပေးတွေ့မယ်ဆိုတဲ့နေ့က တက်ကြွနေသည့် ချန်းယောလ်ဟာ ဒီနေရာတွင် လူစားလဲ ခံထားရသည့်အတိုင်းကိုဖြစ်နေသည်။
'စိတ်ပူလို့ပါ အကိုရယ်'
ကားနေတဲ့ နားရွက်နှစ်ဖက် နီရဲနေပုံထောက်ရင်တော့ ဒီကောင်လေး စိတ်ပူတာမဟုတ်ပဲ စိတ်လှုပ်ရှားနေတာ ဖြစ်လိမ့်မည်။လမ်းနဲနဲဆက်လျှောက်လာပြီးတော့ ဘတ်ခ်ဟျွန်းတို့အိမ်ကိုရောက်လာသည်။ရိုးရာအိမ်မို့ တိတ်တိတ်ဆိတ်ဆိတ် ရှိသော်ငြားလည်း ပွဲတော်ဆိုသည့်အလျောက် ရောင်စုံမီးလုံးတွေလည်း ဘတ်ဟျွန်းတို့အိမ် ဘေးပတ်ပတ်လည်တွင် ချတ်ဆွဲထားသည်။
'ချန်းယောလ်ရား..ရား!!ပတ်ချန်းယောလ်'
'အကို ကျွန်တော်တော့ သေးထွက်နေပြီ'
'ဟာ ဟျောင့် အဲ့သေးကနောက်မှထားနော် အခုအဖေ့ကို ကောင်းကောင်းမဆက်ဆံနိုင်ရင် မင်းနဲ့ငါ ဝေးသွားလိမ့်မယ်'
သေးအောင့်ထားတဲ့ ချန်းယောလ်မျက်နှာက ရီချင်စရာကောင်းပေမဲ့ သနားလည်းသနားစရာကောင်းသည်။
ကလင်🔔
ခေါင်းလောင်သံအပြီးမှာ အိမ်ထဲက ထွက်လာတဲ့ လူကြီးတစ်ယောက်သည် ဘတ်ခ်ဟျွန်းရဲ့အဖေဆိုသူပဲ ဖြစ်လိမ့်မည်။