စာစဥ် ၇၀ : အပိုင်း ၇
အပိုင်း ၁၃၅၇ : မိစ္ဆာနှင့် မိစ္ဆာ တိုက်ခိုက်ခြင်း
ဇူရီသည် ရှီထျန်းဟောင်အား ပြုံး၍ ပြောလိုက်သည်။ "ဒီနေရာမှာ ကိစ္စအားလုံး ပြီးသွားပြီဆိုတော့ တောင်ကို ပြန်ကြရအောင်"
ရှီထျန်းဟောင်သည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါနှင့် အတူ နတ်ဘုရား နယ်မြေ ဆေးမီးဖိုအား သိမ်းဆည်းလိုက်သည်။ သူ၏ ပေတစ်ရာ မြင့်မားသော ယင်းယွမ် ခန္ဓာကိုယ်နှင့် ဟွမ်စန်း ခန္ဓာကိုယ်တို့သည် အကြားအစပ် မရှိပဲ ပူးပေါင်းသွားကာ သူ၏ မူလပုံစံသို့ ပြန်ပြောင်းသွား၍ ဟီဂန် ရွှေရောင်တံတား အပေါ်သို့ တက်လိုက်ကာ ရယ်ပြီးမှ ပြောလိုက်သည်။ "ကောင်းပြီလေ… သွားကြစို့"
ဟီဂန် ရွှေရောင်တံတားသည် ဇူရီ၏ အမိန့်အတိုင်း ရှည်လျားသော သက်တန့်အဖြစ်သို့ ပြောင်းသွားကာ မည်းမှောင်သော ဟင်းလင်းပြင် အတွင်းတွင် လက်ကနဲ ဖြစ်သွား၍ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
သူတို့သည် နတ်ဘုရား နယ်မြေ အတွင်းသို့ ဝင်လာကာ ခွန်းလွန်တောင်တန်း အပေါ်မှ ယုကျင်းတောင်သို့ ပြန်ရောက်လာကြသည်။ ဇူရီသည် ကောင်းကင်အား ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေသော မဟူရာကောင်းကင် ရတနာသစ်ပင်အား ကြည့်နေရင်း ရှီထျန်းဟောင်ဘက်သို့ လှည့်၍ ပြောလိုက်သည်။
"တတိယ ဂျူနီယာက မဟူရာကောင်းကင် ရတနာသစ်ပင် အပေါ်မှ ကျင့်ကြံနေဆဲ ရှိသေးတယ်… မင်းက ဆရာရဲ့ ကောင်းကင် သယ်ယူပို့ဆောင်ခြင်း နည်းစနစ်ကို လေ့ကျင့်နိုင်အောင် သူနဲ့အတူ ကျင့်ကြံနေသင့်တယ်… ဒါဆိုရင် နောက်တစ်ခေါက်မှာ မင်းနဲ့အတူ ကြမ္မာပန်းတိုင် အဆင့်က မှော်ရတနာ တစ်ခု မရှိနေရင်တောင် ဗီပရာလိုပါ အဆင့်က ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်နိုင်လိမ့်မယ်"
ရှီထျန်းဟောင်က ချက်ချင်း ခေါင်းညိတ်၍ ပြောလိုက်သည်။ "ကျွန်တော်ကလည်း ဒီလိုပဲ တွေးမိပါတယ်… မဟုတ်ရင် ကျွန်တော်က အဖိုးကို ဆက်ရှာဖို့အတွက် ဟင်းလင်းပြင် စစ်တလင်း အတွင်းမှာပဲ နေနေခဲ့မှာ"
KAMU SEDANG MEMBACA
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Pertualangan✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...