Chapter - 105

3.9K 439 19
                                    

Unicode

အစိမ်းရောင်ဆန်မုန့်လုံးချို/မဲတီဒုတ်ဆန်မုန့်လုံး
________________________

ရက်နည်းနည်းထပ်ကြာသွားခဲ့သည်၊ ရှန်ယန့်ကိစ္စကို အခုလေးတင်ဖြေရှင်းပြီးတာဖြစ်ပြီး Alanက သွားရတော့မည်ဖြစ်၏။

အန်တီရှန်ရဲ့ဗိုက်က သိသိသာသာကြီးစူထွက်လာသည်။ တစ်ခါတလေ သူတို့တွေပူးကပ်ထိုင်နေချိန်မှာ Alanက အင်မတန်တုံ့ဆိုင်းနေတဲ့ဟန်နဲ့ အန်တီရှန့်ဗိုက်ကိုပွတ်တတ်သည်။ အားလုံးက သူတို့ကိုသီးသန့်အချိန်လေးပေးဖို့ အချင်းချင်းကြည့်ကာသဘောတူလိုက်ကြ၏။ ခွဲခွာရတဲ့အချိန်က ထိုင်းမှိုင်းနေတဲ့အခြေအနေကိုအမြဲပေးသည်။

ထို့နောက် လင်ရှုယီ Hမြို့ကိုရောက်လာပြီးဒုတိယမြောက်နေ့မှာ Alanက လူတိုင်းကိုနှုတ်ဆက်ပြီးသွားပြီဖြစ်ကာ လော့စ်အိန်ဂျလိစ်ကို လေယာဉ်နဲ့ပြန်သွားဖို့အသင့်ဖြစ်နေပြီဖြစ်၏။

အားလုံးက အန်တီရှန့်ကိုအဖော်ပြုကာ Alanကိုလိုက်ပို့ပေးကြသည်။ Alanက အန်တီရှန်နဲ့မေမေရှန်ရဲ့လက်တွေကိုကိုင်ကာ ခေါင်းငုံ့လိုက်ပြီး တရုတ်စကားပီပီဖြင့်ဆို၏။

"ရှစ်မန်ကိုဂရုစိုက်ပေးဖို့ ကျွန်တော် အစ်မကိုဒုက္ခပေးရတော့မယ်။"

"မပူပါနဲ့၊ ငါတို့ သူ့ကိုဂရုစိုက်မှာပါ။"

Alanက အသာအယာခေါင်းငြိမ့်သည်။ ရှန်မိသားစုက အန်တီရှန့်ကို တခြားသူတွေထက်ပိုပြီးကောင်းကောင်းဂရုစိုက်မယ်ဆိုတာ သူသိသည်။ Alanက အန်တီရှန့်ကိုငုံ့ကြည့်ကာ သူမရဲ့နီရဲနေတဲ့မျက်လုံးတွေထက် အနမ်းဖွဖွပေးသည်။

"လိမ်လိမ်မာမာနဲ့မင်းကိုမင်းဂရုစိုက်နော်၊ ကိုယ် သိပ်မကြာခင်ပြန်လာမယ်။"

Alanက လော့စ်အိန်ဂျလိစ်ကိုအပြီးပြန်သွားမှာမဟုတ်ပေ၊ သူက သူ့ကုမ္ပဏီမှာ သူတက်ရောက်ဖို့လိုတဲ့အရေးကြီးစီးပွားရေးကိစ္စတစ်ခုရှိတာကြောင့်ပြန်သွားရတာဖြစ်တာမို့ သူက လော့စ်အိန်ဂျလိစ်မှာ လအတော်ကြာအောင်နေရမည်ဖြစ်သည်။ ကိစ္စတွေပြီးတာနဲ့ သူက မြန်နိုင်သမျှမြန်မြန်ပြန်လာမှာဖြစ်၏။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now