နောက်ဘက်က ခေါ်သံများကို လျစ်လျူရှုရင်း လွင်ပြင် အိပ်ဆောင်ဘက်ဆီပြေးလာမိသည်။ပြေးသည်။
တရှိန်ထိုး ပြေးနေမိသည်။
နောက်ဘက်မှအသံများနှင့် ဆန့်ကျင်ဘက်ဆီ..." ပိစိ..."
ရုတ်တရက် ဖမ်းကိုင်ခံလိုက်ရသော လက်တစ်စုံကြောင့် လွင်ပြင့်ခြေလှမ်းများက အရှိန်သေသွားသောစက်တစ်ခုနှယ် ရပ်တန့်လျှက်။
" ငါ ငါ တောင်းပန်ပါတယ် ပိစိရယ် ငါ မသိလို့ပါ "
" ငါ့ကိုလွှတ် "
ဆုပ်ကိုင်ထားသော အရိပ်လက်ကို လွင်ပြင်ခါထုတ်လိုက်ရင်း ရှေ့ဘက်ဆီဆက်သွားနေလိုက်သည်။
" ပိစိရာ စိတ်မဆိုးပါနဲ့တော့ "
"....."
" ပိစိ ပိစိရေ..."
" ......"
လွင်ပြင်က ရှေ့တူရှုကိုသာတည့်တည့်ကြည့်ရင်း ခြေလှမ်းကြဲများဖြင့် လျှောက်နေသလို အရိပ်ကလည်း ဘေးမှ တဖွဖွခေါ်နေမြဲ။
အရိပ်သိနေတယ်
ပိစိ သူ့ကို စိတ်ဆိုးနေတုန်းပဲ..." ပိစိ "
အရိပ် ဘေးနားမှလွင်ပြင့်ပခုံးကို ခပ်ဖွဖွလှမ်းဆုပ်ကိုင်ရင်း ထပ်ခေါ်လိုက်ချိန် လွင်ပြင့်ခြေလှမ်းတို့ ရပ်တန့်သွားရပြန်သည်။
" မင်း ဘယ်လိုဖြစ်နေလဲ "
" မနေတတ်လို့ ချော့နေတာလေ ပိစိက စိတ်ဆိုးနေတာကို "
" မင်းမေလင်ကြီး မနေတတ်ရင် လဲသေလိုက် "
လွင်ပြင့်အသံကလည်း အက်ကွဲမာကျောလျှက်...
" တကယ်တောင်းပန်တယ် ပိစိရာ ငါ့ကိုစိတ်မဆိုးပါနဲ့နော် ငါမနေတတ်ဘူးလေ ငါ့ကိုတော့ စိတ်မဆိုးနဲ့တော့နော် "
" ဖယ်စမ်းပါ "
" ပိစိရေ စိတ်ပြေပါတော့နော် တောင်းပန်တယ်လေ"
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...