၂၄၇။ “ပြောမပြသည့် ရည်ရွယ်ချက်များ - ၁”
နောက်တစ်နေ့မနက် အစောတွင်, ဂျန်ဝုရှီက နိုးထလာပြီးလျှင် သူ့ကိုယ်ကို ဝတ်စုံဖြင့် ကျနသေချာစွာ ထွေးပတ်ထားတာကို တွေ့ရှိရပြီး တစ်ညလုံး သူမ နွေးထွေးစွာ အိပ်စက်ခဲ့ရတာကို သိလိုက်ရသည်။ သူမ တွေးကြည့်သော်လည်း ဘာမျှ ထူးခြားတာ မသိရ၍ အိပ်ရာပေါ်မှ ထလိုက်သည်။
မနက်စာ စားချိန်တွင်, ဂျန်မိသားစုဝင်သုံးယောက်က စားပွဲတွင် အတူတူ ထိုင်နေကြသည်။ ဂျန်ဝုယောင်းက ခဏသာ ပေါ်လာပြီး ပြန်လည် ပျောက်ကွယ်သွားသည်။
မနက်စာ စားပြီးလျှင် ဂျန်ဝုရှီက မနေ့က နန်းတော်တွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြသည်။ သူမ ပြောပြပြီးလျှင် သူတို့ အံ့အားသင့်နေတာကို မည်သို့မျှ မတုံ့ပြန်တော့ဘဲ လက်ဖက်ရည်ကိုသာ ခေါင်းငုံ့၍ သောက်နေသည်။
“ဘုရင်ကြီးက လောလောဆယ် အိပ်ရာပေါ်က မထနိုင်သေးဘူး, နန်းတော်ထဲမှာ မလှုပ်ရှားနိုင်သေးဘူးလို့ နင် ပြောလိုက်တာလား၊ ပြီးတော့ ချင်ယုယန်ကို ခန်းမထဲမှာ ဒီအတိုင်း ထားခဲ့တယ်လို့ ပြောလိုက်တာလား” ဂျန်ချင်းက သူ့ ချစ်တူမလေး၏ ဘုရင်ကြီးကို မညှာမတာ ဆက်ဆံသည့် နည်းလမ်းကြောင့် လေဖြတ်သွားမတတ် ဖြစ်သွားရသည်။
ချီတိုင်းပြည်၏ ဘုရင်ကြီးသည် ဂျန်ဝုရှီရှေ့တွင် ကြီးကြီးကျယ်ကျယ် မလုပ်ရဲချေ။ သို့သော် ဂျန်ဝုရှီက သည်လို အန္တရာယ်များသည့် အချိန်မှာ ဘုရင်ကြီးကို အိပ်ခန်းဆောင်တွင် အသက်ယဲ့ယဲ့လေးဖြင့် ချန်ရစ်ထားခဲ့သည်။ နန်းတွင်းသမားတော်များကိုပင် မဆင့်ခေါ်ထားဘဲ အစောင့်နှစ်ယောက်ကိုသာ တာဝန်ပေးထားခဲ့သည်။ ဒါက အတော့်ကို ကပျက်ကချော် နိုင်နေသည် မဟုတ်လား။
ထို့ပြင် ချင်းယန်ကလန်၏ မမကြီးကို ဂျန်ဝုရှီက ဗြောင်ပင် ခန်းမထဲတွင် ပိတ်ဆို့ထားခဲ့သည်။ မိုချင်းယွမ်က နန်းတွင်းညီလာခံကို မတက်ရောက်နိုင်သေးပေ။ သို့သော် ဒါက နမော်နမဲ့ လုပ်ရပ်ပင် မဟုတ်လော။