Unicode
.
.
.အပိုင်း (၁၈)
ပြင်ဦးလွင်ကနေ ချန်းကို ကိုကျောင်းအပ်ပြီး
ပြန်လာကတည်းက နိုရာတယောက်မအားလပ်ခဲ့ပေ။ဆိုင်အလုပ် အပြင် တခြားစီးပွားရေး အသေးစားလေးတွေပါ လုပ်နေရတာကြောင့်ဖြစ်သည်။
ဒီကြားထဲ မိမိထက် ၂နှစ်ခန့်ငယ်တဲ့
ရည်းစားလေးကလည်း ပြောမရ ဆိုမရ ကောက်စိန်လုပ်နေတာကြောင့် နားချိန်ကိုမရှိ။ဒီရည်းစားလေးကို သိပ်ချစ်ရပါတယ်ဆိုမှ
ပြတ်မယ်တကဲကဲလုပ်နေတာကြောင့်
မေမြို့က သူမရှိရာ
နေရာကိုတော့ ခနခနရောက်ဖြစ်ပေမဲ့
ချန်းကိုလေးဆီကိုတော့ မသွားဖြစ်ခဲ့ပေ။စာလုပ်ရမဲ့အရွယ်မှာ ကိုယ့်ဆီစိတ်ရောက်နေတာမျိုး
မဖြစ်ရလေအောင် တမင်သွားမတွေ့ခြင်းသာ။သူ့အမေနဲ့ အဖွားကတော့
လမ်းကြုံရင် ထိုကလေးဆီဝင်ပေးဖို့ ခနခနမှာပေမဲ့
တမင်ကိုမသွားတွေ့ခဲ့။"ဂျွယ်.....မင်းကလဲ မင်းစိတ်ကြီးပဲ
ငါ့ကိုလဲ သနားပါအုံး မအားတဲ့ကြားကခနခနလာတွေ့နေတာကို""မအားရင်လဲ မလာနဲ့ပေါ့"
"မလာလို့ရမလား မလာရင်လဲ မင်းကစိတ်ကောက်အုံးမှာလေ"
"ဘယ်မှာကောက်နေလို့လဲ"
"ရော်....ကြည့် အခုပဲကောက်နေတာမလား
အဲ့လိုပြောကတည်းကိုက ကောက်နေတာလေ""မ....အခုငါ့ကို စိတ်ကုန်ချင်နေပြီမလား"
"ဟုတ်တယ် "
"ပြန်လိုက်တော့ လစ်...."
"ဟာ....အခုပဲရောက်တာကိုကွာ....
စပြန်ပြီ"^စိတ်ကုန်နေတယ်ဆို "
"မကုန်ဘူးရှင့်.....ဘယ်တော့မှစိတ်မကုန်ဘူးရှင့်
ရပြီလား"နိုရာ ...မြတ်နိုးရတဲ့ မိမိကောင်မလေးရဲ့နှဖူးကိုခပ်ဖွဖွလေးနမ်းရင်း ခါးလေးကိုဖက်ထားလိုက်သည်။
"မ...ညဈေးတန်းသွားရအောင် ညနေကျရင်"
"အင်း...မင်းသဘော....."
"ဒီညတော့ အိမ်မှာလိုက်အိပ် ပါ့ နဲ့မားကို မ နဲ့ မိတ်ဆက်ပေးမယ်"
YOU ARE READING
Honey နဲ့ Mommy
Romanceဒါကတော့ ကိုယ် ပထမဆုံးရေးဖူးတဲ့ Myanmar girl loveလေး ပေါ့။ အားလုံးပဲကြိုက်ကြပါစေ လို့မျှော်လင့်ရင်း...