• unicode •

1.1K 119 23
                                    

ဟန်မြစ်ကမ်းဘေးရဲ့ လေစိမ့်စိမ့်က သူတို့နှစ်ယောက်ရဲ့ စကားဝိုင်းထက် ပိုပြီးတိတ်ဆိတ်နိုင်ပါ့မလား။

ဟီဆွန်းနဲ့ဂျောင်ဝန်းက တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်လာရင်းနဲ့ ဟန်မြစ်ဘေးကမ်းနားမှာ ဘေးချင်းယှက်လျက် လမ်းလျှောက်လာကြတယ်။ ဒီလိုပုံစံမျိုးကို ဘေးလူ တစ်ယောက်ယောက်ကသာ မြင်ရင် စုံတွဲတစ်တွဲ လမ်းလျှောက်လာတယ်လို့ ထင်ကောင်းထင်နိုင်တယ်။ ချစ်သူမဟုတ် ၊ သူငယ်ချင်းမဟုတ် အခြေအနေနဲ့ သူတို့က လမ်းလျှောက်ထွက်တိုင်း လက်ကလေးတွေကို နွေးအောင်ဆုပ်ကိုင်တတ်တာက အကျင့်ဖြစ်နေပြီ။

ဒီနေ့ အတူတူထွက်လာဖြစ်ခဲ့တဲ့အပေါ် နှစ်ယောက်လုံးမှာ ပြောစရာစကားတွေ တပုံတပင် ရှိနေတယ်။ ဟီဆွန်းက သူ့ရင်ထဲက စကားကို ဂျောင်ဝန်း နားလည်အောင် ပြောပြဖို့ ၊ ဂျောင်ဝန်းက သူ့ရင်ထဲက စကားကို ဟီဆွန်း နားလည်အောင် ပြောပြဖို့ အတူတူထွက်လာခဲ့ပေမဲ့ အချိန်တစ်နာရီကျော်သွားတဲ့ထိ သူတို့တွေ စကားတစ်ခွန်းမှ မဆိုဖြစ်ကြသေးဘူး။ သေချာပေါက် မိတ်ဆွေ ညီအစ်ကိုစည်းကနေ ကျော်ပစ်လိုက်ဖို့ဆိုတဲ့ စကားလုံးတွေက သူတို့အတွက် တစ်စုံတစ်ခုကို ရင်းလိုက်ရမဲ့ စိန်ခေါ်ပွဲလိုမျိုး။

ဟီဆွန်းက ကုတ်အင်္ကျီအရှည်ကို ဝတ်ဆင်ထားပြီး ပဲစေ့နဲ့တူတဲ့ သိုးမွေးထိုးဦးထုတ်အညိုရောင်ကို စောင်းပြီး မတ်စ် တပ်ထားတယ်။ ဂျောင်ဝန်းက သူ့ဘေးမှာ padding ထူထူ တစ်ထည်ကို ဝတ်ထားပြီး မျက်နှာသေးသေးလေးကို padding ရဲ့ လည်ထောင်ထဲမှာ ဝှက်ထားတယ်။ သူ့ဦးခေါင်းလေးတွေက နှင်းတွေကြောင့် စိုစွတ်နေပေမဲ့ ဟီဆွန်းဆုပ်ကိုင်ထားတဲ့ သူ့လက်ကလေးတွေနဲ့ နှလုံးသားကတော့ မြစ်ကမ်းဘေး လေစိမ့်စိမ့်တိုက်နေတာတောင် ခပ်ငြိမ့်ငြိမ့်လေး နွေးနေတုန်းပဲ။

ခပ်ဖြည်းဖြည်း လမ်းလျှောက်လာရင်းနဲ့မှ တစ်နေရာ‌အရောက်မှာ ဟီဆွန်းက ရပ်တန့်လိုက်တယ်။ ပြီးတော့ ဂျောင်ဝန်းရဲ့လက်ကို ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေကို ဖွဖွလေးလွှတ်ချတယ်။ အဲ့နေရာကနေ ကြည့်မယ်ဆိုရင် အရှေ့တောင်အနေအထားလောက်မှာ မီးရောင်စုံထွန်းထားတဲ့ ဟန်မြစ်ကူး တံတားကြီးက ထီးထီးမားမား တည်ရှိနေပြီး ၊ ရှေ့က မြစ်ကမ်းဘေးလေးမှာတော့ သက်ငယ်မြက်တွေက ဖွေးဖွေးလှုပ်နေပြီး လေနှင်ရာယိမ်းနေကြတယ်။

ကြယ်တွေဘာကြောင့်လှရတယ် [ heewon ]Where stories live. Discover now