"ဟိတ် ဟိတ် ဟိတ်လူကြီး"
နောက်နားဆီက လူပျိုပေါက်ဝင်ခါစ အသံဩဩကြောင့် လှည့်ကြည့်လိုက်သည်။
"ဘာလဲ ငါ့ကို ခေါ်တာလား"
"ဒီနားမှာ ခင်ဗျားပဲရှိတာလေ ခင်ဗျားမခေါ်လို့ ဘယ်သရဲသွားခေါ်ရမှာလဲ"
ပေါက်စကအစွာ။ သိလည်းမသိဘဲ ဇွတ်စွာနေရော။
ဝတ်ထားတဲ့ကျောင်းဝတ်စုံကို ကြည့်ရတာတော့ ကျောင်းအတူတူဖြစ်ပေမယ့် ဒီအဆိုးအဆာလေးကို မမြင်ဖူးသလောက်ပဲ။
"ကျောင်းသွားမှာမလား ကျွန်တော်လမ်းမသိလို့ ခေါ်သွားပေးပါလားလို့"
ဒါတော့ ဒီကောင် သပ်သပ်ကြောင်တာ။ ကျောင်းက ရှေ့ ကိုက် (၁၀၀) ကျော်ဆိုရင်ကို ရောက်နေပြီဟာကို။
"ကျောင်းကရှေ့ဆို ရောက်နေပြီ"
"ဟင့်အင်း ကျွန်တော်မသိဖူးဘဲ ခေါ်သွားပေးဆို လမ်းလေးအတူလျှောက်ပေးရမှာကို ဘာလဲ ငြိုငြင်တာလား"
ဟောလ် ဖြစ်ရတယ်။ သူနဲ့ကျွန်တော်က ခုမှတွေ့တာကို ဒီလိုတွေပြောထွက်သလား။ ဘုရားရေ ဒီအကောင်လေးက ဘာလေးလား။
"သွားမယ် သွားမယ် နောက်ကျလိမ့်မယ်"
ခုန်ပေါက်လိုက် စကားတွေပေါက်ပေါက်ဖောက်လိုက်နဲ့ ကိုက် ၁၀၀ ကို ဘယ်လိုလျှောက်လိုက်ရမှန်းတောင်မသိဖူး။
သူ့နာမည်က Lee Yongbok ဖြစ်တဲ့အကြောင်း၊ သူ့မှာ ကြောင်လေးတွေရှိတဲ့အကြောင်း၊ သူ့မေမေက သူ့ကို မုန့်ဖိုး တစ်ရက်ဘယ်လောက်ပဲပေးကြောင်း၊ သူက စာတော်တဲ့ကျောင်းသားဖြစ်တဲ့အကြောင်း၊ ခရာတေးခါးပတ်နက်ရထားတဲ့အကြောင်း စတဲ့ စတဲ့ သူ့ရဲ့အကြောင်းတွေ မမေးဘဲ အကုန်ပြောပြသွားသည်။
အဲ့လိုဆိုပြီး ကျွန်တော်ကလည်း မသိချင်နေတာတော့မဟုတ်။ ဂရုတစိုက်နားထောင်လိုက်တာမျိုးမရှိပေမယ့် အကုန်မှတ်မိသွားတာမျိုး။ အင်း ကျွန်တော်က ဉာဏ်ကောင်းတဲ့သူမို့ပါ။
"ဟိတ် ဟိတ် ဟိုအကိုကြီး"
ဒီပေါက်စက ကျွန်တော်သွားတဲ့နေရာတိုင်းမှာ ပေါ်လာတတ်သည်။