Jo's POV //
"Jo!"
အားတဲ့အချိန်လေးမို့ ဟိုဘက်ရပ်ကွက်ကကောင်တွေနဲ့
ဘတ်စကက်ဘောကွင်းထဲမှာ ဆော့နေရင်း
တစ်ဖက်က ဘတ်စကက်ဘောကိုပစ်ပေးလာတယ်။ဒီကောင်တွေကတော့!
ပေးတာကိုလည်း သေချာမပေးဘူး။တစ်ဖက်ကိုအရှိန်ကျော်ပြီး သူများတွေမှန်ကုန်မှ
ဒုက္ခတွေရောက်ကုန်တော့မှာပဲ ဒီကောင်တွေနဲ့တော့!
စိတ်ရှိလက်ရှိသာ ဆွဲထိုးပစ်ချင်တော့တာပဲ။"Jo! အနောက်မှာလူရှိတယ်!"
သူတွေးရင် လွဲခဲပါတယ်ဆိုနေမှ
တကယ်ကို မှန်သွားတာပေါ့။သူ့ရဲ့ခြောက်ပေအရပ်ကိုတောင် ဖမ်းလို့မမိပဲ
ကျော်သွားတော့မလိုဖြစ်နေသည်မို့
ခုန်ကာ လှမ်းပုတ်လိုက်ရသည်။ဘောလုံးကလွှင့်ထွက်သွားပေမယ့်လို့
သူကတော့ အနောက်ကလူရဲ့ခြေထောက်ကို
တက်နင်းမိကာ နောက်လှန်ကျတော့မလိုဖြစ်သွားရသည်။"အာ့!"
အနောက်ဘက်က အော်သံသေးသေးလေးကြားလိုက်ရတော့ သူထူပူသွားတယ်။
သူကအရှိန်ပြန်ထိန်းလိုက်နိုင်ပေမယ့်
ခြေထောက်နဲ့ တက်နင်းလိုက်မိတာက
အရှိန်ပါနေတာမို့ အနောက်ကလူလည်းနာသွားမှာ။"တောင်းပန်ပါတယ်ဗျ! အဆင်ပြေရဲ့လားဟင်!"
အနောက်ကိုအလျင်အမြန်လှည့်ကာ လှဲနေသူရှေ့
မုဆိုးဒူးထောက်ပုံစံနဲ့ထိုင်ချပြီး အဆင်ပြေလားမေးရတော့တာပဲ။တစ်ဖက်က ခိုက်မိသွားသည်မှာလည်း ကောင်လေးပင်။
တစ်ခါမှမတွေ့ဖူးသူမို့ အသစ်ပြောင်းလာတာပဲထင်တယ်။သူကရပ်ကွက်ထဲမှာ ထင်ရှားသူတွေထဲပါတာမို့
လူတိုင်းလိုလိုကလည်း သူ့ကိုသိသလို
သူကလည်းလူတိုင်းလိုလိုကိုသိပါတယ်။
မျက်စိရှေ့မှကောင်လေးကိုတော့မသိ။သူမေးတာကိုလည်းမဖြေ။
ခြေထောက်ကိုပဲ လက်နဲ့ဖိထားပြီး
ခေါင်းလည်း မော့မလာခဲ့တော့ပါ။"အဆင်ပြေရဲ့လား မတ်တပ်ရပ်နိုင်ရဲ့လား"
သူနောက်တစ်ကြိမ်ထပ်မေးတော့မှ ပြန်ဖြေလာတာ။