၂၅၅"တိမ်ထူတောင်ထွတ် - ၂"

1K 93 0
                                    

၂၅၅"တိမ်ထူတောင်ထွတ် - "

ဂျန်ဝုရှီက လူအုပ်ထဲ ညပ်နေပြီး မျက်မှောင်ကြီး ကုတ်နေသည်။ သူမက လိမ္မော်ရောင်ဝိညာဉ်အဆင့်သို့ ရောက်ရှိပြီးကတည်းက သူမ၏ အာရုံငါးပါးခံစားနိုင်စွမ်းက မြင့်မားလာသည်။ သူမအား လှောင်ပြောင်သည့် စကားလုံးတိုင်းက သူမနားထဲ တန်းရောက်လာသည်။ သို့သော် သူမက သူတို့အားလုံးကို လျစ်လျူရှူထားသည်။

သည်က‌လေးများက သူမ၏ အာရုံစိုက်မှုကို ခံထိုက်သူများ မဟုတ်ကြပေ။

ဝင်ခွင့်လျှောက်ထားသူ အရေအတွက် များလွန်းခြင်းကြောင့် ချင်းယန်ကလန်က သူတို့ကို တစ်ဦးချင်း စီစစ်ဆေးဖို့ မဖြစ်နိုင်ပေ။ သို့မဟုတ်လျှင် ရက်ပတ်ပေါင်းများစွာ ကြာသွားမည် ဖြစ်သည်။ ထို့ကြောင့် သူတို့က ပထမအချီမှာ ရိုးရှင်းသည့် စစ်ဆေးမှုကိုသာ ပြင်ဆင်ထားကြသည်။

ဒါက အခြေခံအကျဆုံး စစ်ဆေးမှုဖြစ်သည့် ဆေးပင်များကို ခွဲထုတ်ပေးရခြင်း ဖြစ်သည်။

တောက်တက်လမ်းတစ်ဝက်တွင် လမ်းတစ်ဖက်တစ်ချက်မှာ စားပွဲများကို ရာချီ၍ တန်းစီထားပြီး ၎င်းစားပွဲများပေါ်တွင် ဆေးပင်အမျိုးမျိုးကို စုပုံတင်ထားသည်။ ဝင်ခွင့်လျှောက်ထားသူ တစ်ယောက်စီက ချင်းယန်ကလန်က မေးထားသည့် ဆေးပင်များကို ငါးမိနစ်အတွင်း ရွေးထုတ်ပေးရမှာ ဖြစ်သည်။

ဆေးပင်များကို တိကျစွာရွေးထုတ်ဖို့ မခက်သော်လည်း အမျိုးအစားပေါင်း ရာချီ‌ရောနေသည့် အထဲမှ ရွေးထုတ်တာက ခက်ခဲသည့် အနေအထား ဖြစ်သွားလေပြီ။

စားပွဲများပေါ်တွင် စုပုံတင်ထားသည့် ဆေးပင်များက လတ်တ‌လော ခူးထားနှုတ်ထားမှန်း သိသာသည်။ တချို့ဆေးပင်အမြစ်များတွင် မြေကြီးများ တွဲလောင်းခိုနေတုန်းပင်။ ဆေးပင်များကို ဖြစ်ကတတ်ဆန်း ခူးနှုတ်ထားလို့ အပြည့်အစုံမပါရှိဘဲ အစိတ်အပိုင်းများစွာ ဖြစ်နေကြသည်။ သူတို့ဖြေဆိုရမည့် မေးခွန်းများကို လက်ခံရရှိထားကြစဉ် ယုံကြည်ချက် အပြည့်ရှိနေခဲ့ကြသည့် စာမေးပွဲဖြေဆိုသူများသည် ပေါင်းပင်များအပြည့်ဖြစ်နေသည့် စားပွဲများကို မြင်ရချိန်မှာတော့ ဖြူရော်သွားကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now