မိုးရေတွေသည်ကား တစ်လမ်းလုံးဖြူဖွေးလျက်။ ကြွေခါစ စိန်ပန်းနီနီတွေကလည်း တစ်လမ်းလုံး ရဲပတောင်းခပ်နေလျက်။ ဒီနေရာဒီဒေသကို သူမြတ်နိုးသလို ကိုကို၏ ကိုယ်သင်းနံလေးကိုလည်း သူမြတ်နိုးခဲ့ဖူးသည်။ ဤလမ်းမပေါ်တွင် ကိုကိုနှင့်အတူ ကားမောင်းခဲ့ဘူးသည်။ပျော်ရွှင်ခဲ့ဖူးသည်။ငိုယိုခဲ့ဖူးသည်။ အခုတော့ ကိုကို့အား သူဤနေရာမှလာ၍ စောင့်နေခြင်းဖြစ်ပါသည်။ လမ်းကြားထဲသို့ တရွေ့ရွေ့ စီးနှင်လာသော ကားကြီးကြောင့် သူ၏ ရင်အစုံသည် တုန်ခါသွားရသည်။ ကားပေါ်မှ ဆင်းလာသော ကိုကို့တွင် တောင့်တင်းသော ခန္ဓာကိုယ်နှင့်၊ နှုတ်ခမ်းမွှေးရေးရေးက သူအတွက် အမြတ်နိုးဆုံး အရာဟုပင် ပြောရပေမည်။
"ကိုကို"
သူ၏ အသံသည် ထွက်သွားသည်လား မထွက်သွားသည်လား ဝေခွဲ၍ မရပေ။
"ဇော်"
ကိုကို၏ အသံကြားသည်နှင့် ကိုကို၏ ရင်ခွဲထဲ မျက်နှာအပ်ကာ အားပါးတရ ငိုကြွေးလိုက်မိပြန်သည်။ ကိုကို၏ ရင်ငွေ့လေးတွေကို သူအချိန်အကြားကြီး လွမ်းနေရသည်မဟုတ်လား။ ကိုကို မမောင်းထုတ်ပေမယ့် ဇော်ကိုယ်တိုင်က ထွက်သွားခဲ့သည် မဟုတ်လား။
"ဇော် မငိုနဲ့တော့ ကိုယ် ငိုတာ မကြိုက်ဖူးဆိုတာ သိတယ်မဟုတ်လား"
"ကိုကို ဇော့်ကို လက်ခံနိုင်သလား ဇော်က အရင်ဇော်မဟုတ်တော့ဘူးလေ"
"ကိုယ်သိတာပေါ့ ဇော်က အခုဆို ကိုယ့်ရင်သွေးကို လွယ်ပေးနိုင်တဲ့ အမျိုးသမီးဖြစ်နေပြီပဲဟာ"
ကိုကို၏ စကားတွေက ရင်ထဲမှ လာမှန်း ဇော်သိပါသည်။ အခုဆိုလျှင် ဇော်ဆိုသည့် ရွှေရတုဇော်နှင့် မင်းဘုန်းမြင့်မြတ်ဟူသော ကိုကို့အား တားဆီးမည့်သူ ပေါ်လာခြင်း ရှိတော့မည် မဟုတ်ပေ။
❤️❤️❤️❤️စိမ်းစိုနေသော ခြံဝင်းကြီးတွင် ဖုန်းတလုံးဖြင့် အလုပ်ရှုပ်နေသူသည်ကား မင်းဘုန်းမြင့်မြတ်။ အသက်သုံးဆယ်နားကပ်နေသော လူပျိုသိုးကြီး တစ်ယောက်ဖြစ်သည်။ သားဖြစ်သူအားကြည့်ရင်း ဒေါ်မြတ်သက် စိတ်မသက်မသာဖြစ်မိသည်။ သားအား အိမ်ထောက်ရက်သား ချပေးပြီ မြေးလေးဘာလေးလဲ ချီချင်လှပြီ။ သို့ပေမယ့် သားဖြစ်သူက အခုချိန်ထိ နည်းနည်းမျှ မလုပ်ရှားသေးပေ။ မန်နေဂျာ ကိုထွန်း၏ အနားသို့ ကပ်ပြီးပြောလာသော စကားကြောင့် သူအတော်ပင် ဒေါသထွက်သွားရသည်။
"ဘာတဲ့ တောက့်စ် ဘာမဟုတ်တဲ့ကောင်ကများ ကိုထွန်း ကားထုတ် ခုချက်ခြင်းသွားမယ်"
မင်းဘုန်းမြင့်မြတ်ပိုင်သော အရာတွေအား မည်သူမျှ ဆေးခြယ်ခွင့်မရှိပေ။ အခုဟာက မင်းဘုန်းမြင့်မြတ် သူ၏အထူးအဖွဲ့အား ပေးအပ်ထားသည့် projectကို အထွေထွေအတွင်းရေးမှုးဟု ဆိုသည့် မဖြစ်စလောက်ကောင်လေးက လု၍ လုပ်သည့်ဟု ကြားရခြင်းဖြစ်သည်။
ရုံးခန်းတံခါးကိုဖွင့်ပြီး အခန်းထဲတွင် ဝင်၍စောင့်နေလိုက်သည်။ ဤကိစ္စနှင့် ပတ်သက်ပြီး မင်းဘုန်းအတော်ပင် စိတ်အချဉ်ပေါက်နေသည်။
"ဒေါက် ဒေါက် ဒေါက်"
"ဝင်ခဲ့"
သူ လှည့်၍ မကြည့်ပဲ အော်လိုက်သည်။ တံခါးပိတ်သံနှင့်အတူ ခြေသံအစုံက သူ၏အနားတွင် သီးခြားစွာ ရပ်တန့်၍ သွားသည်။
"ဘော့စ်"
သူမြင်လိုက်ရသော မြင်ကွင်းကြောင့် သူမည်သို့ အပြစ်အပြစ်ပြောရမည်ကို မသိပေ။ ဤကောင်လေးအား တွေ့သည်နှင့် မင်းဘုန်း၏ ရင်ထဲတွင် အမည်မသိ၊သို့လော သို့လော ခံစားချက်တွေ ဝင်လာသည်။ထိုကောင်လေးသည် ကြောက်လွန်း၍ ဖြစ်မယ်ထင်သည် လက်အစုံအား တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်မှာ အသိသာပင်။
ထိုကောင်းလေးဆီမှ အကြည့်လွှဲလိုက်သည်။
"မင်းလုပ်ထားတဲ့ အပြစ် မင်းသိပါတယ်နော်"
"ဟုတ် ဟုတ်ကဲ့ သိပါတယ် ဒါ ဒါပေမယ့် ဇော်တမင်ရည်ရွယ်တာ မဟုတ်ပါဘူး"
"အဟက့် မင်းသွားတော့ သွား"
ဤကောင်လေးကို တွေ့သည်နှင့် သူပုံမှန်မဟုတ်သည်ကို ခံစားရမိသည်။ သူ့တွင် အပြစ်ရှိမှန်းသိသော်လည်း ဘာကြောင့်ရယ်မှန်းမသိ သူအပစ်မပေးရက်ပေ။
"သူ့နာမည်က ရွှေရတုဇော်တဲ့ ဘော့စ်"
"သူ့ကို ကိုယ့်ရဲ့ အထွေထွေအတွင်းရေးမှုးအဖြစ် ခန့်လိုက်"
"ဗျာ"
အတော် အံ့ဩစရာကောင်းသည့် လူပင်ဖြစ်သည်။ အတွင်းရေးမှုးရာထူးကို ရယူဖို့ လာလျှောက်ကြသည့် မိန်းမပျိုမိန်းမရွယ်များစွာ ရှိသည့်ကြားက ဘယ်ကလာမှန်းမသိသည့် ကောင်လေးအား ချက်ချင်း အတွင်းအရေးမှုးထားမည်တဲ့လား။
"ဘော့စ် သူက ဘယ်ကမှန်းမသိ"
"ကိုယ်ပြောနေတယ် ဟုတ်လား ကိုယ်ကခန့်ဆို ခန့်လိုက်လေ"
"ဒါ အရင်က စေ့စပ်သေချာတဲ့ မင်းဘုန်းမြင့်မြတ် ဟုတ်ပါရဲ့လား ချက်ချင်းနေ့ချင်းညချင်း ပြောင်းသွားလိုက်တာများ"
"ကိုထွန်းဘာ တွေပြောနေတာလဲ သွားတော့ေလ"
ဘော့စ်၏ ကြောင်တောင်တောင်ဆုံးဖြတ်ချက်ကြောင့် ကိုထွန်းပင် စိတ်အိုက်နေမိသည်။🖤🖤🖤🖤
"ဘယ်လို ဇော့်ကို အတွင်းရေးမှုးကောက်ပြီး ခန့်တယ်ဟုတ်လား"
"ဟုတ်ပါ့ တို့ဘော့စ်က ဂေးနေတာလားပဲ"
"အင်းနော် မိန်းမတေွဆို သိပ်ပြီးပတ်သက်တာ မဟုတ်ဖူး"
ကောင်မလေးတေွ၏ စကားကြောင့် ဇော်ရင်ထဲတွင် ကလိကလိဖြစ်နေသေးသည်။ သို့ပေမယ့် သူအတွက် ငွေက အရေးကြီးသည်။ ငွေရှိမှ သူဖြစ်ချင်သည့်အရာကို ကုသ၍ ရပေမည်။ မန်နေဂျာဖြစ်သူ ကိုထွန်းကလည်း မျက်နှာမလှချေ။
"မင်း ရောက်လာပြီလား ကိုထွန်း သူ့အတွက် သူအလုပ်ဆင်းရမယ့် အခန်းလိုက်ပြ ပြီးရင် သူက်ို အချိန်ဇယားတွေပေးလိုက်"
"ဟုတ်ကဲ့ ဘော့စ်"
သူ၏ အလုပ်ခန်းက အခြားေနရာတခုတွင် မဟုတ်ချေပေ။ ဘော့စ်ဖြစ်သူ မင်းဘုန်းမြင့်မြတ်၏ မျက်််နှာချင်းဆိုင် အခန်းတွင်ပင် ဖြစ်သည်။
မင်းဘုန်း အလုပ်ကပြန်တော့ ညနေခြောက်နာရီ မှောင်ရီပျိုးစပင် ဖြစ်နေချေပြီ။ သူcompanyရှေ့တွင် ရပ်နေသော သူ၏ အတွင်းရေးမှူးကောင်းလေးအား ကြည့်နေမိသည်။