PART 76.1(Z+U)

1.6K 94 5
                                    

Zawgyi

"ယောက်ျားကိုသလောက်အောင်
လွမ်းတယ်"

***

ထိုညနေမှာတော့ သူတို့နှစ်ယောက် ဒေါ်နှင်းမမတို့ဆီသွားဖြစ်ခဲ့ကြ၏။
ပုံမှန်သာဖြစ်ပြီး အထူးတလည်ကိစ္စဆိုလို့ အဏ္ဏဝါတို့ဆီမှာ ထမင်းဟင်းချက်ပေးမယ့် ဒေါ်ခင်နွယ် ရှိနေခြင်းပင်ဖြစ်၏။ အသက် (၄၅)ဝန်းကျင်ဖြစ်သည့်ဒေါ်ခင်နွယ်က နွယ်နွယ်ရဲ့အဒေါ်ဖြစ်တာမို့ ဒေါ်နှင်းမမက စိတ်ချလက်ချရှိသလို သူမက နွယ်နွယ့်နဲ့သိပ်မခြားနားပင်... ဖော်ရွေကာ စိတ်ရင်းသဘောကောင်းလှ၏။ အဏ္ဏဝါတို့က ယောက်ျားလေးနှစ်ယောက်အတူနေမှန်းသိသွားပေမယ့်လည်း သိပ်တော့ အထူးအဆန်း၊ အမြင်မကြည်တာမျိုး မရှိ။

"ကဲ... သားတို့ အိမ်ကိုကြည့်ပေးမယ့်သူရှိနေပြီဆိုတော့ အဆင်ပြေတာပေါ့၊ စားရေးသောက်ရေးလည်း မပူရတော့ဘူးပေါ့၊ မနွယ်... ဒါက သားရှန်းနဲ့ ဒီဘက်က မနှင်းနဲ့သား အဏ္ဏဝါတဲ့၊ ကလေးတွေကို ဂရုစိုက်ပေးနော်"

"ဟုတ်ကဲ့ပါ မနှင်း"

"မနက်ဖြန် တစ်ခါတည်းလိုက်ခဲ့ပေါ့ အစ်မနွယ်... အစ်မနွယ်ရဲ့လက်ရာတွေကိုအဆင်သင့်စားပြီး ကျွန်တော်တော့ ဝလာတော့မှာပဲ"

ရှန်းရဲ့စကားကြောင့် အားလုံးက ပြုံးစိစိဖြစ်သွားကြ၏။
နွယ်နွယ်က သူ့အဒေါ်ကို ရှန်းက ဘယ်လိုချစ်စရာကောင်းကြောင်း တစ်ဝကြီးပြောထားပြီးသားဖြစ်ပေမယ့် အခုတကယ်တွေ့လိုက်ရတော့လည်း ရှန်းတို့က စိတ်စေတနာကောင်းကြသည့်သူဌေးတွေမှန်း သိတာမို့ သူမက ဝမ်းသာနေသည်ပင်။

ရှန်းက ဒေါ်နှင်းမမကို ကျေးဇူးတင်စကားလေးဆိုပြီးချိန် ဒေါ်နှင်းမမက တွေးစစနဲ့ အဏ္ဏဝါကိုလှမ်းပြော၏။

"သြော် သား... လပြည့်ကို သားတို့နဲ့သွားနေပေးဖို့ပြောထားပြီးပြီနော်... မနက်ဖြန်တစ်ခါတည်းပဲ ခေါ်သွားလို့လည်းရတယ်နော်"

ရှန်းက နားမလည်တာကြောင့် အဏ္ဏဝါကို လှည့်ကြည့်လိုက်ပြီး မေးမိသည်။

"My Only One" ✔️Donde viven las historias. Descúbrelo ahora