Unicode
Build~
"Buildဒီမှာတနေ့လောက်ထပ်နေလိုက်မလား..အဆင်ပြေတာ သေချာရဲ့လား၊နေကောင်းတာ သေချာမှ ပြန်ရအောင်လေ..နော်"
ငါတို့P'Tong အိမ်မှာ တစ်ညအိပ်ပြီးBibleရဲ့အိမ်ကိုပြန်ပြီး တစ်ညထပ်အိပ်ဦးမှာ။အမှန်က မနက်ဖြန်ပြန်ရမယ့် ရက်ဘဲ ၊အဲ့ဒါကို Bible က ငါ့ကို တစ်ရက်လောက်ထပ်နေလိုက်ပါလား၊နေကောင်းမှ ပြန်၊ခေါင်းမူးတာ သက်သာတာ သေချာလား၊ဆေးရုံသွားရအောင် စသဖြင့်မပြီးနိုင်မစီးနိုင်တတွတ်တွတ်ကိုပြောနေတော့တာဘဲ။ငါ ခေါင်းကိုက်တယ်လို့ ဘဲ ပြောလိုက်မိပါတယ် Bibleခင်ဗျာ..ငါ့အဖေကြီးကျနေတာဘဲ သက်သာရဲ့လား၊အဆင်ပြေရဲ့လားလို့ မေးတာက တစ်မိနစ်မှာ၁၄ခေါက်ဘဲ။P'Tong အိမ်ကနေ စောစော ထပြီး ပြန်လာတော့ Bible အိမ်ကို မနက်ပိုင်းဘဲ ပြန်ရောက်တာ။ခဏနားပြီး ငါလုပ်စရာရှိတာကို လုပ်ရဦးမယ်လေ။ မှိုချက်မယ့်ကိစ္စကိုလဲ မလုပ်နဲ့ဆိုပြီး Bible က တားနေသေးတာ။
"ရပါတယ်လို့ဆို!!ငါ့အဖေကြီး ကျနေတာဘဲ "
"ဟိုနေ့က လဲကျမလ်ိုဖြစ်သွားပြီး အခုတော့ လူကို စိတ်ပူအောင်လုပ်ခဲ့တာ သူမဟုတ်တဲ့အတိုင်းဘဲ"
ဒီBibleကတော့လေ အခု ငါ့ကို မျက်စောင်းထိုးပြီးပြောလိုက်တာလား။
"အဲ့နေ့က ဒေါသထွက်လွန်ပြီး သွေးတိုးသွားတာနေမှာပေါ့"
"သွေးတိုးရှိလို့လား"
Bible က အလန့်တကြားမေးတော့
"မရှိပါဘူး.."
"မရှိဘူးဆိုရင် ဘာလို့ ရှိသလို ပြောနေရတာလဲ ..ခင်ဗျားက လေ လူကိုစိတ်ပူအောင်လုပ်တဲ့နေရာမှာ ထိပ်ဆုံးဘဲ"
Bible က ငါ့ကို ဒေါသထွက်နေတဲ့အသံနဲ့ ပြောပြီး အိမ်ထဲကို ခြေထောက်ဆောင့်ပြီး ဝင်သွားတယ်။
"သူ ဘာတွေ စိတ်ဆိုးပြီး ဘာလို့ ငါ့ကိုအော်သွားတာလဲ"
ငါတကယ် သိချင်မိပါရဲ့။ငါအမှားလုပ်မိတာရှိလို့လား။ဟိုနေ့က ပါးစပ်သရမ်းတဲ့လူတသိုက်ကို ငါစော်ပလော်တီးလိုက်တာ တောင် အားမရဘူး။သည်းခံကြည့်တယ် သည်းခံတယ် ဒါပေမဲ့ ဘယ်လိုမှ ထိန်းမနိုင်အောင်ဘဲ ၊P'Tong တို့မိသားစုကိုလဲ တကယ်အံ့ဩတယ် သူတို့ အပြောတွေ အောက်မှာ ငြိမ်ခံနေတယ်တဲ့လား။ ငါ့လက်စွမ်းပြလိုက်တော့ အဲ့လူတွေလဲ P'Tong တို့ကို ဘာမှ မပြောရဲလောက်တော့ဘူး။