Unicode
နေရောင်ခြည်ရဲ့အလင်းစက မွေ့ယာပေါ်မှကောင်လေးနှစ်ယောက်ထံသို့ကျလာ၏။ဂျောင်ကုတစ်ယောက်သူ့ကိုကျောပေးကာ အိပ်ပျော်နေသောယွန်းကိုကြည့်ပြီးကြည်နူးနေမိသည်။မနက်ခင်းတိုင်းကိုချစ်ရသူနဲ့ဖြတ်သန်းရတာဘယ်လောက်တောင်ကြည်နူးဖို့ကောင်းသလဲ??။ ဟိုတစ်နေ့ညကခန္ဓာကိုယ်ချင်းနှီးနှောနေပြီးသွားထဲကယွန်းကသူနဲ့အတူပဲလာအိပ်တော့တယ်။
အခုဆိုယွန်းနဲ့သူနဲ့ကြားက ဆက်ဆံရေးကပြေလည်လာသထက်ပြေလည်လာခဲ့ပြီ။ယွန်းကလည်းအရင်လိုစကားကိုခပ်တင်းတင်းကြီးမပြောတော့။ဒါ့အပြင် နမ်ဂျွန်နဲ့တောင်မှရင်းရင်းနှီးနှီးသိပ်မရှိတော့ဘူးလို့ထင်မိတယ်။နောက်ပြီးအရင်လိုညမိုးချုပ်မှပြန်လာတာမဟုတ်တော့ဘဲ အခုဆိုညနေ၅နာရီဆိုပုံမှန်ပြန်လာတတ်လေပြီ။ဒါ့ကြောင့်ဂျောင်ကုလည်း စိတ်ချမ်းသာရတာပေါ့။နှစ်ယောက်အတူတူရှိမဲ့အချိန်တွေလည်းပိုရသွားပြီလေ။
အခု လောလောဆယ်တော့သူ့ကိုကျောပေးပြီးအိပ်ပျော်နေတဲ့ယွန်းကိုနောက်ကနေနမ်းရှိုက်လိုက်တယ်။ညတုန်းက သူပေးခဲ့တဲ့အချစ်အမှတ်သားလေးတွေကလည်းထင်းခနဲပဲ။ဒီနေ့ကရုံးပိတ်ရက်ကြောင့် ယွန်းလည်းကောင်းကောင်းအိပ်နေတာထင်တယ်။နောက်မို့ဆို သူ့ထက်အရင်နိုးပြီးအလုပ်သွားနေကျလေ။
"အားယား!! မွှေးလိုက်တာ..."
နားသပ်စပ်လေးအားနမ်းလိုက်၊ လည်တိုင်လေးအားနမ်းလိုက်နဲ့သူ့မှာအလုပ်ရှုပ်နေတော့တယ်။ကိုယ်ငယ်လေးကိုသိမ်းကျုံးမရဖက်ပစ်ပြီးနေရာလပ်မကျန်လျှောက်နမ်းမိပြန်တယ်။ဒါ့အပြင်လစ်ဟာနေတဲ့အောက်ပိုင်းကြောင့်ယွန်းရဲ့ အငယ်ကောင်လေးအားလက်တစ်ဖက်မှကိုင်ရင်းအထက်အောက်ပွတ်ဆွဲနေမိသေးတယ်။
"ဟင်း...ဂျောင်ကု...တော်တော့ကွာ..."
အိပ်ချင်မူးတူးအသံလေးနဲ့လက်ကိုအတင်းပုတ်ထုတ်သူအား ဂျောင်ကုဆက်ပြီးကျီစယ်နေလိုက်တယ်။မနက်ခင်းအိပ်ယာနိုးထချိန် ချစ်ရသူအားအခုလို စနောက်ခြင်းကတော်တော်လေးကိုမှပျော်စရာကောင်းနေခဲ့သည်။ယွန်းကတော့ အိပ်ရေးမဝသေးဘူးနဲ့တူတယ်။အေးလေ...ညကလည်းတော်တော်လေးကိုမှသောင်းကျန်းခဲ့ကြတော့ သူလည်းပင်ပန်းနေမှာပေါ့။
YOU ARE READING
လောင်ကျွမ်းမဲ့အချစ်(BRUN🔥)#complected #
Фанфикငါ့ဘဝက အထီးကျန်လို့ အချစ်ခံချင်ရုံလေးပါ.....(YoonKook) ငါ့ဘဝက အထီးကျန်လြို့အချစ်ခံချင်ရုံလေးပါ......