ခ ဒီမနက် နိုးတာ နာရီဝက်လောက်ရှိနေပြီဆိုပေမယ့် ဘဲကြီးအိပ်ယာပေါ် ဟိုလှိမ့်ဒီလှိမ့်နှင့် တစ်ယောက်ထဲ အတွေးနယ်ချဲ့နေရသည်။
နေပါဦး မနေ့က ငါ မေမေနဲ့ဖေဖေကို အိပ်မက်မက်ပြီး ငိုတယ်အဲ့တာလဲ မနက်ရောက်ခါနီးလောက်မှ ၊ သေချာတယ် လုံးဝသေချာတယ် ခ သေချာပေါက် တစ်စုံတစ်ယောက်ရင်ခွင်ထဲ နွေးနွေးထွေးထွေး နှင့် ပြန်အိပ်ပျော်သွားတာ ဘဲကြီးများလား။
မဖြစ်နိုင်ဘူး အဲ့ဘဲကြီးက အသားမစားဘူး ၊ ခ ဒီမှာအိပ်တိုင်း ညဖက် ငိုရင် လာချော့နေကြဆိုပေမယ့် အသားတော့မယူ ၊ ဒီမနက်မှ ခ အတွက်ထူးဆန်းနေသည်မှာ ခ ရဲ့အောက်နှုတ်ခမ်း ပေါက်သွားလို့ဖြစ်သည်။
ဘယ်လောက် အအိပ်ကြမ်းကြမ်း အောက်နှုတ်ခမ်းပေါက်သွားစရာ အကြောင်းဆိုတာမရှိ ၊ ကိုယ့်ကိုယ်ကိုယ် ပြန်ကိုက်ရအောင်ကလဲ မဟုတ်သေး။
မနိုးလာခင်ထိ ခ အိပ်ချင်မူးတူးနဲ့ ခ ကိုရင်ခွင်ထဲ ထည့်ထားတဲ့ လူကြီးကို လူမှန်းမသိသူမှန်းမသိ တင်းတင်းကျပ်ကျပ် ပြန်ဖက်ကာ အိပ်နေမိတာ ၊ နိုးလဲနိုးလာရာ စောင်ကလဲ အောက်ရောက်ပြီး တစ်ကိုယ်လုံးချမ်းနေတဲ့အပြင် ဘေးနားမှာလဲ ဘယ်သူမှမရှိ။
ဘဲကြီးနော် ခင်ဗျား , ခင်ဗျား လက်ချက်ဆိုလို့ကတော့ ဘော ကိုဆောင့်ကန်ပစ်မယ် ၊ သူ့အိမ်ရောက်နေတယ်ဆိုတိုင်း ဒီလိုအသားယူစရာလား။
"ဒေါက် ဒေါက် !"
"ဟျောင့် ခ !"
ကျစ် ! ဒီကောင်တွေအာရုံကိုနောက်တယ် မိုးတောင်မလင်းသေးဘူး သူများ အိပ်နေတာကို လာပြီးတော့။
"ဘာလဲကွာ !"
"ဟျောင့် ထတော့လေ ၁၁နာရီတောင်ရှိနေပြီ"
"ဘာ ! ၁၁နာရီ"
"အေးလေ"
"ဒီလောက်အစောကြီးရှိသေးတာကိုကွာထွက်သွားစမ်း ! ငါဒီမှာ အစကပြန်အိပ်မလို့"
ဘယ်လို ဒီကောင် ၁၁ နာရီကို စောတယ်လို့ပြောလိုက်တာလား။ အစကတောင်ပြန်အိပ်မယ်ဆိုပဲ ဒီကောင်ကွာ သူများ အိမ် ကျက်သရေမရှိ လာဘ်ပိတ်အောင်။
YOU ARE READING
ʀᴇɴᴏ
Romance𝖳𝗁𝗂𝗌 𝗂𝗌 𝗐𝗈𝗋𝗄 𝗈𝖿 𝖿𝗂𝖼𝗍𝗂𝗈𝗇. 𝖠𝗇𝗒 𝗇𝖺𝗆𝖾𝗌, 𝖼𝗁𝖺𝗋𝖺𝖼𝗍𝖾𝗋𝗌 𝗈𝗋 𝖾𝗏𝖾𝗇𝗍𝗌 𝖺𝗋𝖾 𝖿𝗂𝖼𝗍𝗂𝗈𝗇𝖺𝗅.