"ဟျောင့် အကိုဘုန်းမာန်ခ ကလုံးဝ သတ္တိခဲပဲ Boss နားနေလာတဲ့ တစ်လျှောက်လုံး Boss တောင် သခင်ကြီးကိုအဲ့လိုတစ်ခါမှမပြောဖူးဘူး"
"အေ ပြောမနေနဲ့ငါတောင် ကြက်သီးထတယ်"
M , K ခ ကို ချီးမွမ်းခန်း ဆိုနေကြပေမဲ့ နောက်ဖြစ်လာမဲ့ အကျိုးဆက်ကိုတော့ မတွေးရဲ , သခင်ကြီးက ဒေါသအလွန်ထွက်သွားကာ ဘာစကားတစ်ခွန်းမှမပြောပဲပြန်သွားသည်။
ပြသာနာရှာသူကတော့ သူမဟုတ်သလို အရင်ကတိုင်း ဒီအိမ်ကြီးထဲ ဟိုပတ်သွား ဒီပတ်သွား , Boss ကြည့်တော့လဲ အေးဆေးတည်ငြိမ်လို့ , ဒီလူနှစ်ယောက်သာ ငြားမယ်ဆို တကယ်ကို နတ်ဖက်တဲ့ အတွဲဖြစ်မှာ။
"M"
"ဟုတ်ကဲ့ Boss"
"ဒယ်ဒီက ဒီ ကိစ္စကိုဒီလောက်နဲ့ကြေအေးပေးမှာ မဟုတ်ဘူး ခ ကို သေချာပေါက် စောင့်ကြည့်နေမှာ ဘာလုပ်ရမလဲ သိတယ်နော် !!"
"ဟုတ် သိပါတယ် Boss"
RENO က M ကို ခ အနားအနီးကပ်နေကာ စောင့်ရှောက်ခိုင်းထားသည် , M လဲ ခ အနားနေပါတယ် ဒါပေမဲ့ ခြေမငြိမ်တဲ့ ခ အနောက်ကို တော်တော်လိုက်ယူနေရသည်။
ထိုချိန် အထုတ် တွေဆွဲကာ အပြင်ကပြန်လာတဲ့ ခိုက်နှင့်ခေါင်။
"အော် ညီလေးတို့ အကိုနဲ့စကားခနပြောမလား"
"ဟုတ် ရတယ်ဗျ"
"အင်း အကို Meeting room ကစောင့်နေမယ်"
ဘဲကြီးဘာတွေပြောမယ်မသိပေမဲ့ ခေါင်နှင့်ခိုက် အထုတ်တွေချကာ ဘဲကြီးနောက် လိုက်ခဲ့ရတော့သည်။
"ထိုင် ညီ"
"ဟုတ်"ဟုတ်"
"အကို့ ဒယ်ဒီက ခ ကို အန္တရာယ်ပေးချင်နေတာ ညီတို့သိမှာပါ , ခ ပဲ မဟုတ်ဘူး ညီတို့ပါ အန္တရာယ်ရှိနေနိုင်တာမို့ အကိုက ဒီအိမ်ကနေ ဘယ်မှမသွားခိုင်းသေးတာကိုလဲ ရိပ်မိကြမှာပါ"
"ဟုတ် ကျွန်တော်တို့သဘောပေါက်ပြီးသားပါ"
"အင်း အဲ့တာ ညီတို့ အလုပ်မရှိသေးဘူးဆို အကို့ Company မှာခနဝင်လုပ်မလား"
RENO စကားဆုံးတော့ ခေါင် ဝမ်းသာနေမိသည်။ခေါင်က အမြဲ သာမာန်လူတွေလိုနေချင်ခဲ့တာ , ဒါပေမဲ့ လက်ခံလိုက်ရင် ခ နှင့် ခိုက် စိတ်ဆိုးသွားမလား....