အပိုင်း ၁(uni/zaw)

407 7 0
                                    


ကျွန်တော်အခုရောက်နေတာ ၂၀၂၂ခုနှစ် ဇွန်လပါ အိပ်မက်တွေရက်စက်မက်ရင်းကနေ နှစ်တွေခြားပြီးဝေးလာခဲ့လေပြီ။ ‌အမြဲတမ်းဖတ်မိသော စာအုပ်လေးအား ပြန်ကြည့်ရင်း အတိတ်သို့ပြန်သတိရမိကြောင်း ၊ လှန်လိုက်တဲ့ခါ ခေါက်ချိုးထားတဲ့စာမျက်နှာလေးတစ်ခုကိုအမြဲတွေ့ရစမြဲပါ

~~~~~~~~~~~~~~~~~~~~~~~~~
အချစ်ရဲ့ အဝေးမှာ
မပျော်ရွင်မှုများစွာနဲ့ ဖြတ်သန်းရင်း
လွမ်းဆွေးကြောင်း ရေးရင်းနှင့်ပင်
ကြင်သူပြောတဲ့ စကားတွေရေးထားလေ့ရှိတဲ့
စာအုပ်လေးဟာ အတိတ်ကအဖြစ်ရပ်များသာ

လွမ်းနေဆဲပါ နွန်းထက်ဟံဇန်
~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော်ချယ်နူးယံဆိုသူသည်လဲ ကျောင်းဆရာအဖြစ်သို့ ရောက်ရှိတော့မည်။ တာဝန်ကျရာနေရာကိုစောင့်နေတဲ့သူလေးအဖြစ်ပေါ့။

လွန်ခဲ့တဲ့အတိတ်တွေဆီသွားရရင်တော့ နူးယံသိပ်ချစ်ရတဲ့အမျိုးသားလေးတစ်ဦးရှိခဲ့ဖူးသည်ဆိုတာပါပဲ ။ တစ်စုံတစ်ယောက်အကြောင်းပြောရရင် မဟုတ်သေးဘူး... ၊ နူးယံရဲ့ရင်ထဲကကြင်သူအကြောင်းပြောရရင် စိတ်ကအလိုလိုကြည်နူးပြီးအပြုံးပန်းတွေဝေဆာရပါတယ် ။

အတိတ်များဆီသို့ ၁၉.၆.၂၀၁၄ခုနှစ်
၂၀၁၄ဆိုတဲ့နှစ်တွေမှာ ဟန်းဖုန်းတွေစပြီးခေတ်စားခါစပေါ့ နူးယံဆယ်တန်းမဖြေခင်မှာပဲ ဖုန်းလေးတစ်လုံးရခဲ့တယ် ။ စာ‌ေမးပွဲတွေပြီးလို့ နူးယံ ဆယ်တန်းအောင်ခါအရွယ် အိမ်ကအန်တီရဲ့ကျောင်းကိုအမြဲလိုက်သွားဖြစ်တဲ့‌နေ့တွေထဲက တစ်ရက်မှာထိုသူနဲ့ဆုံစေဖို့အကြောင်းပါလာခဲ့တယ် ။ ဤသည်မှာလဲတစ်ခြားမဟုတ်ပါ ။ နေ့လည်ထမင်းစားချိန် ကျောင်းမှဆရာမရဲ့ပြောဖူးတဲ့စကားအရဆိုလျှင်...

"ဟဲ့.. မြတ်ရေ ငါ‌နဲ့အွန်လိုင်းက‌ေနစကားပြောနေတဲ့ကောင်လေးကသနားစရာပါဟယ် သူ့မှာနှလုံးအဆို့ရှင်မကောင်းဘူးတဲ့ ။ ရုပ်ကလေးက ကိုးရီးယားမင်းသားလေးကျနေတာပဲ ချောချက်အေ" (မြတ်ဆိုသည်မှာ နူးယံ၏အန်တီလေးပင်)

"နူးယံသိချင်မိသည် ထိုလူသည်တကယ်ချောတာလား ၊ ငါကရောဘာကြောင့်သိချင်တာလဲ ၊ ရောဂါရှိလို့ပဲကရုနာသက်ဝင်သည်လား..."

အလွမ်းတွေဝေ အချစ်တွေဖူးပွင့်စေ (Ongoing)Where stories live. Discover now