# Unicode Ver
ချမ်းသာသောသူများသာ နေနိုင်သည့် လူကုံထံအသိုင်းအဝိုင်းတစ်ခု၊
အိမ်တစ်အိမ်နဲ့တစ်အိမ်ဟာ အတော်လေး ဝေးကွာကြပြီး တိတ်ဆိတ်နေကြသော်လည်း တစ်ခုတည်းသော အိမ်ခြံဝန်းကြီးအတွင်း...." သားသား.. လာပြီနော်.."
" အိုခေ ဒယ်ဒီ "
ဘတ်တံတစ်ယောက်တစ်ချောင်းကိုင်ရင်း badminton ကစားနေကြသော သားအဖနှစ်ယောက်။
အသံများ စုံစိနေအောင် ထွက်နေကြလေသည်။
" ရားး!! လာပြီကွ "
" HaHa.. ဒီလိုပြန်ပုတ်ပေးလိုက်မှာပေါ့ "
" ဒယ်ဒီနော် သားကို အလျော့ပေးပါဦး "
" ဟက် .. ဟက်... "
ရယ်သွမ်းရင်း ခေါင်းတခါခါလုပ်နေသော အဖေဖြစ်သူရဲ့ ပုံရိပ်က အတော်လေး ကြည့်ကောင်းလှတယ်။
ကျစ်လျစ်တောင့်တင်းသည့်ရင်အုပ်ကျယ်ကြီးပိုင်ဆိုင်ထားပြီး နှုတ်ခမ်းမွေးငုတ်စိရေးရေးလေးတွေနဲ့ သိပ်ခန့်ညားတဲ့အသွင် ထိုသူကို တစ်ကမ္ဘာလုံး မသိသူမရှိပေ။ချောမောခြင်း၊ခန့်ညားခြင်း၊ကြည့်ကောင်းခြင်း.. ထိုသို့သောအရည်အချင်းတွေနဲ့ ပြည့်စုံနေသူဟာ C နိုင်ငံရဲ့ ကမ္ဘာကျော်မင်းသားတစ်ဦးလည်း ဖြစ်ပြန်၏။
သူဟာ Alphaတစ်ဦးဖြစ်သည့်တိုင် လွမ်းမိုးနိုင်မှုအားက မသေးလှပေ။
ထိုသူအား လိုချင်သော Alpha/Omega ပေါင်းများစွာရှိသော်လည်း ထိုသူဟာ မည်သူ့ကိုမျှ ရွေးချယ်ခဲ့ခြင်း အလျဉ်းမရှိခဲ့ပေ။
သို့သော်.. လွန်ခဲ့သော ဆယ်နှစ်လောက်ကမှ
အမည်မသိ Omegaတစ်ဦးအား လက်ထပ်၍ ကလေးတစ်ယောက်ရခဲ့လေသည်။ထိုသူ၏ Omegaဟာ မည်သူမည်ဝါဟူ၍ မသိကြသေးရ၍ မီဒီယာသတင်းသမားတော်တော်များရဲ့ စိတ်ဝင်စားခြင်းအား ခံနေရသူလည်းဖြစ်သည်။
အနုပညာအလုပ်မှန်သမျှ ရပ်နားခြင်းမရှိဘဲ အိမ်ထောင်ကျ၍ ကလေးတစ်ယောက်ရှိနေသည့်တိုင်း တချို့သော Alpha/Omegaများ၏ အိပ်မက်သတို့သားလောင်းဖြစ်နေဆဲပင်။

YOU ARE READING
❦︎ Love = Touch ❦︎ // New(second) Version//
Fanfiction❤️🏴 ZSWWYYDS 💚🏳️ ZhanYi Fanfic 🖤🤍 Two shots (Uni + Zawgyi) Start --Jul/10/2022(Sun) End --Jul/11/2022(Mon) --By Suliea_Libre