Part 8

1.3K 97 24
                                    

🕊️မောင်မုန်းမယ်ဆို…🕊️

တစ်ကိုယ်လုံးရေတွေစိုထားသည့်မောင့်ကိုမြင်လိုက်ရတော့ Buildလန့်သွားရသည်။
မောင့်အကြည့်တွေကလဲ ပုံမှန်တော့ဟုတ်မနေခဲ့။

"မောင်ဘယ်လိုကြောင့်ရေတွေစိုလာတာလဲ"

Buildကစိုးရိမ်စွာမေးရင်း အကျီ င်္ကြယ်သီးတွေကိုဖြုတ်ပေးနေခိုက် မောင်ကလက်တွေကိုဆွဲဖယ်ပစ်လိုက်သည်။

"Build"

"မောင်… ဘာဖြစ်လို့လဲ"

"ဒီမှာ ခွန်Build Jakapan"

အိမ်ပြန်လာတဲ့အထိအကောင်းအတိုင်းရှိနေတဲ့မောင်ကအိမ်ရောက်မှဘာတွေဖြစ်ပြီး Build Jakanpanတွေခေါ်နေတာလဲ။

"မောင် ပြောစရာရှိတာနောက်မှပြော အရင်ဆုံးအဝတ်စားတွေလဲလိုက် နေမကောင်းဖြစ်လိမ့်မယ်"

"နေမကောင်းဖြစ်ပြီးသေသွားရင်
ခင်ဗျားမုဆိုးမဖြစ်မှာစိုးလို့လား Build
သိပ်လဲစိုးရိမ်မနေပါနဲ့ကျနော်ကလွယ်လွယ်နဲ့မသေသေးပါဘူး"

"မောင်ဘာလို့အဲ့လိုစကားတွေပြောနေတာလဲ
Buildကမောင့်ကိုစိုးရိမ်လို့ပြောနေတာလေ"

"မလိုပါဘူးကျနော့်ကိုစိုးရိမ်နေဖို့မလိုဘူး
အခုကစပြီးခင်ဗျားကိုခင်ဗျားပဲစိုးရိမ်"

Bibleအဝတ်စားတွေချွတ်ကာရေချိုးခန်းထဲဝင်လာခဲ့သည်။
သူကတော့ နေရာမှာဒီအတိုင်းရပ်နေရင်းကျန်ခဲ့သည်။

Buildမောင့်စိတ်ကိုနားလည်ပြီထင်ခဲ့တာ အလုံးစုံနားမလည်နိုင်သေးဘူးပဲ။
အင်း…မောင်ကပြောင်းလဲတက်တဲ့သူမှမဟုတ်တာ အခုလဲမောင်ကBuildကိုစ,နေတာပဲဖြစ်မှာ။

မောင်ရေချိုးပြီးထွက်လာတော့ Buildလဲမောင့်အတွက်အဝတ်စားထုတ်ပေးလိုက်သည်။

"ခင်ဗျားကဘာလို့ဒီအခန်းထဲမှာရှိနေသေးတာလဲ"

"ဒါကမောင်နဲ့အချစ် နေရမဲ့အခန်းလေ""

"ကျနော်ကတော့ခင်ဗျားနဲ့အတူမနေနိုင်ဘူး
ခင်ဗျားဒီအခန်းမှာနေရင်ကျနော်ဟိုဘက်အခန်းမှာသွားနေမယ်"

"ဘာဖြစ်လို့လဲမောင်…တစ်ခုခုအလိုမကျလို့လား"

"ပြောပြီးပြီလေ ခင်ဗျားနဲ့အတူမနေနိုင်ဘူးလို့"

🕊️မောင်မုန်းမယ်ဆို...🕊️မောင်မုန်းမယ်ဆို...🕊️Where stories live. Discover now