𝘧𝘳𝘰𝘮 𝘵𝘩𝘪𝘴 𝘮𝘰𝘮𝘦𝘯𝘵

1.2K 105 20
                                    

[ ကျောင်းတုန်းက မင်းမသိအောင် တိတ်တိတ်လေး ရိုက်ထားဖူးတဲ့ ပုံလေးပါ။ မင်း စိတ်မဆိုးဘူးလို့တော့ မျှော်လင့်တယ် ]

ဒီစာကြောင်းလေးဟာ ပတ်ဆောင်းဟွန်းဆီက လက်ခံရရှိခဲ့တဲ့ နောက်ဆုံး message ။ ပတ်ဆောင်းဟွန်းဆိုတာ မထင်မှတ်တဲ့ အချိန်မှာ ပေါ်လာတတ်ပြီး လှစ်ခနဲ ပြန်ပျောက်သွားတတ်တဲ့သူမျိုး။ အခုလည်း စာလေးတစ်ကြောင်းနဲ့ ပုံလေးတစ်ပုံ ပို့ခဲ့ပြီး ပျောက်သွားပြန်တာ သုံးလေးလ ရှိရေ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒီစာကြောင်းလေးဟာ ပတ်ဆောင်းဟွန်းဆီက လက်ခံရရှိခဲ့တဲ့ နောက်ဆုံး message ။ ပတ်ဆောင်းဟွန်းဆိုတာ မထင်မှတ်တဲ့ အချိန်မှာ ပေါ်လာတတ်ပြီး လှစ်ခနဲ ပြန်ပျောက်သွားတတ်တဲ့သူမျိုး။ အခုလည်း စာလေးတစ်ကြောင်းနဲ့ ပုံလေးတစ်ပုံ ပို့ခဲ့ပြီး ပျောက်သွားပြန်တာ သုံးလေးလ ရှိရောပေါ့။

" ပတ်ဆောင်းဟွန်းက အခုထိ အရိုးခံလေးကွ။ တစ်ခုခုဖြစ်ရင် သူ့မျက်နှာပေါ်မှာ အကုန်ဖတ်လို့ရတယ်။ စိတ်အတက်အကျတွေလည်း မခံနိုင်လို့ အခုတလော SNS တွေ လျော့သုံးခိုင်းရတယ် "

တစ်လောက အလုပ်ကိစ္စ တစ်ခုကြောင့် ဂျယ်ယွန်းနဲ့ ဆုံဖြစ်တော့မှ လုပ်ချင်တာ လုပ်ထားတဲ့ ပင်ဂွင်းလေးတစ်ကောင် ပျောက်ခြင်းမလှ ပျောက်သွားရတဲ့ အကြောင်းအရင်းကို သိရတယ်။ ပြောတယ် ဆိုတာလည်း သူက မေးလို့ရယ် မဟုတ်ပါဘူး။ ရှင်းမ်ဂျယ်ယွန်းက သူ့ဝသီ အတိုင်း သူငယ်ချင်းတွေဆုံတုန်း ဆုံခိုက် စကားစပ်မိလို့ ပြောပုံပါပဲ။

သူတို့ သူငယ်ချင်း အဖွဲ့ထဲတော့ သူနဲ့ ဆောင်းဟွန်းအကြောင်း သိထားတဲ့သူက ဂျယ်ယွန်းအပြင် ဘယ်သူမှမှ မရှိတာ။ အဲဒီအပြင် ဂျယ်ဟွန်းကလည်း ကျောင်းတုန်းက ဆောင်းဟွန်းကသာ ဂျုံဆောင်းကို သ​ဘောကျသလိုလို ရှိနေပြီး ဂျုံဆောင်းကတော့ ဆောင်းဟွန်းကို သာမာန် အတန်းဖော်လို သဘောထားတဲ့ အနေနဲ့ပဲ သိထားတာမို့။

တစ်ခါတုန်းက ဂျုံဆောင်း ပြောဖူးတဲ့ " သူက ဘယ်လိုလေးလဲ မသိပါဘူးကွာ။ အရမ်းအေးပြီး တိတ်ဆိတ်နေတာ။ စကားပြောရင်လည်း ထူးဆန်းတယ် " ဆိုတဲ့စကားကို ဂျယ်ယွန်းအနေနဲ့ သူ ဆောင်ဟွန်းကို သဘောမကျဘူးလို့ မှတ်ယူလိုက်ပုံပါပဲ။ တစ်ချိန်းတုန်းကတော့ ဂျယ်ယွန်းက သူ့အချစ်ဆုံး သူငယ်ချင်းဆိုပေမယ့် အခုအချိန်မှာကျ ပတ်ဆောင်းဟွန်းရဲ့ အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက်ဆိုတော့ .. ဂျုံဆောင်းက ထူးပြီးလည်း ရှင်းပြမနေတော့ပါဘူးလေ။ သူနဲ့ ဆောင်းဟွန်း ဆက်ဆံရေးက သူကိုယ်တိုင်တောင် သေချာနားမလည်နိုင်လောက်အောင် ရှုပ်ထွေး ပွေလီနေနှင့်ပြီ မဟုတ်လား။

Colorful Trauma | SungJeng ✓ Where stories live. Discover now