PART 76.2(Z+U)

1.4K 88 9
                                    

Zawgyi

"အိပ်က်လေးစ်ခု မက်ခဲ့ယ်"
***


မျက်လုံးဖွင့်ဖွင့်ချင်း တွေ့လိုက်ရသည့်မျက်နှာချောချောကြောင့် ရှန်းက ပြုံးလိုက်မိ၏။
ပြီးတော့ သူက အဏ္ဏဝါရဲ့ကိုယ်ပေါ်မှာထပ်လျက်ရှိနေပြီး အဏ္ဏဝါက သူ့ကိုယုယုယယလေးဖက်ထားတာကိုပါ ခံစားလိုက်ရတော့ ရှန်းရဲ့နှလုံးသားလေးက အရမ်းကိုမှ နွေးထွေးလို့သွားရ၏။

သူကလည်းပြုံးနေမိသလို အသက်ပုံမှန်ရှူပြီးအိပ်ပျော်နေသူကလည်း နှုတ်ခမ်းထောင့်တွေက ခပ်ကွေးကွေးဆိုတော့ ရှန်းက သေသေချာချာကြည့်လိုက်မိပြီး ပါးကိုအသာတို့ထိကြည့်မိသည်။ ဟိုဒီလျှောက်ကလိကြည့်နေပေမယ့် တစ်ဖက်လူက လှုပ်ရှားမှုလုံးဝမရှိတာကြောင့် အိပ်ပျော်နေတာမှန်း သေချာသွားသည်။

ဒါကြောင့် လူမသိ သူမသိ ခိုးကြောင်ခိုးဝှက်လေး တစ်ခုခုတော့လုပ်ချင်လာ၏။

အဒါကတော့ နည်းနည်းခေါင်းမော့ပြီး အနားသေသပ်လှသည့်နှုတ်ခမ်းသားတွေကို ဖွဖွတစ်ချက်နမ်းကာ တိုးတိုးပြောလိုက်မိခြင်းပင်။

"ဒါလင်... အရမ်းချစ်တယ်"

ရှန်းမှာ သူ့စကားကို သူတစ်ယောက်တည်းသာ ပြန်ကြားပြီး တစ်ယောက်တည်းရှက်နေမိပြန်တာပါပင်။ ပြီးတော့ အိပ်ရင်းပြုံးနေသူကိုကြည့်ပြီး သူ့မှာရယ်ချင်ချင်။ ဒါပေမယ့် အရမ်းကိုသဘောကျရလွန်းလို့ အဏ္ဏဝါနိုးလာသည့်အထိ ထိုအတိုင်းပဲ ငေးကြည့်နေခဲ့မိသည်။

အဏ္ဏဝါက နိုးလာတယ်ဆို သူ့ရင်ဘက်ပေါ်က လူသားလေးကို အနမ်းလေးခြွေရင်း နှုတ်ဆက်သည်။ ရှန်းက ထဖို့လုပ်တာတောင် သူကလွှတ်မပေးချင်ခဲ့။

"ငါ့ကို အကြာကြီးသယ်ထားရတော့ ဒါလင့် ကိုယ်တွေလက်တွေနာလိမ့်မယ်... လွှတ်တော့"

"တကယ်တမ်း တစ်ကိုယ်လုံးနာကျင်နေမှာက ဘယ်သူလဲ"

ရှန်းမှာ ဖြေပေးဖို့ မဝံ့ချေ။
ရှက်ရှက်နဲ့သာ ပြုံးနေမိပြီး ရင်ဘက်ဝါဝါဝင်းဝင်းကို တစ်ချက်အသာပုတ်ကာ
"လွှတ်တော့... အချိန်မစောတော့ဘူး"

"My Only One" ✔️Where stories live. Discover now