၀မ်ရိပေါ်တစ်ယောက် သင်တန်းပြီးလို့ အိမ်ကို လမ်းလျှောက်ပြန်လာခဲ့သည်။ဒီနေ့ သူ သင်တန်းသားအသစ်တွေထပ်ရခဲ့တာမလို့ ပျော်နေသည်။အိမ်ရောက်ရင် ခေါက်ဆွဲလုပ်စားရမယ်။မိုးလဲအုံ့နေတာမို့ ခေါက်ဆွဲပဲလုပ်စားတာပဲ ကောင်းပါတယ်။အရင်ကထက်စာရင် သူချက်တတ်လာတယ်ပြောရမယ်။တစ်ယောက်တည်းနေတာဆိုတော့လဲ ဖြစ်သလိုလုပ်နေရင်းနဲ့ နဲနဲတတ်သွားတာ။ရှောင်းကိုလွမ်းလိုက်တာ မဆိုင်ဘူးဆိုပေမယ့်လဲ အချိန်တိုင်းလွမ်းနေတာ။
"ညှောင်~~~~~~~"
၀မ်ရိပေါ်တစ်ယောက် ကြောင်အော်သံကို ကြားလိုက်ရသည်။သူလိုက်ရှာကြည့်ပေမယ့် မတွေ့။
"ညှောင်~~~~~"
ဒီတစ်ခါတော့ သူတွေ့သွားပြီ။သူ့နောက်မှာရောက်နေတာ။ခုနက သူကဘေးနဲ့အရှေ့ဘက်ကိုပဲကြည့်နေတာ။သူတွေ့လိုက်ရတာ ကြောင်ပုလေးတစ်ကောင်ဖြစ်သည်။ခြေထောက်တိုတိုလေးနဲ့ ၀၀လေး။အရောင်ကလဲ အဖြူနဲ့အမဲစပ်ကြားလေးနဲ့။လမ်းပျောက်နေတာများလား။သူလဲ ကြောင်ကို ကောက်ချီလိုက်ပြီး
"ဟိတ် မင်း လမ်းပျောက်နေတာလား"
"ညှောင်~~~"
"ဟုတ်လား လမ်းပျောက်နေတာလား မင်းသခင်ရော ဘယ်မှာလဲ မင်းကြည့်ရတာ သခင်ရှိမယ့်ပုံပါ"
"မရှိဘူးလား အင်းးး ဘယ်လိုလုပ်မလဲ"
"ဟုတ်ပါပြီ ငါ့ကိုအသနားခံတဲ့မျက်လုံးတွေနဲ့မကြည့်စမ်းပါနဲ့ ငါမင်းကို ခေါ်မှာပါ"
"လိုက်မှာမလား"
"ညှောင်~~"
"ဟုတ်ပြီ လိုက်ခဲ့"
၀မ်ရိပေါ်က ကြောင်လေးကို ပွေ့ပြီး ထွက်သွားတော့ သူ့နောက်ကနေ လူတစ်ယောက်က သူ့ကို ကြည့်နေသည်ကိုတော့ မသိလိုက်ပေ။ထိုသူရဲ့မျက်နှာမှာ မျက်ရည်တွေရှိနေသော်လဲ နှုတ်ခမ်းကတော့ နှစ်လိုဖွယ်ပြုံးနေသည်။
၀မ်ရိပေါ်အိမ်ရောက်တော့ ကြောင်လေးကို စားပွဲပေါ်တင်လိုက်သည်။
"ဟိတ် ခဏနေဦး ငါမင်းအတွက် နို့သွားယူပေးမယ်"
၀မ်ရိပေါ်ကပြောပြီးတာနဲ့ မီးဖိုခန်းထဲကို ၀င်သွားသည်။ရေခဲသေတ္တာဖွင့်ကြည့်လိုက်တော့ နွားနို့ရှိနေသည်။တော်သေးတာပေါ့။
ကြောင်စာကတော့ နောက်မှပဲ၀ယ်လိုက်တော့မယ်။သူလဲ နွားနို့ကိုပန်းကန်ထဲထည့်ပြီး ပြန်လာတော့ ကြောင်လေးက သူထားခဲ့တဲ့နေရာမှာပဲ ရှိနေလေသည်။