ဆေးရုံ၏ ကန်တင်း၌ မျက်နှာချင်းဆိုင်ထိုင်နေကြပါသော သူတို့သုံးဦး။
JeonJungkookနဲ့ Thorက မီးတောက်မတတ်ကြည့်ကာ အကြည့်ချင်းစစ်ခင်းနေသည်။
TaeHyungက သတိပေးသည့်အနေဖြင့် JeonJungkookလက်ကို ခပ်ဖွဖွဆုပ်ကိုင်ကာ
"Jeon...ကျေးဇူးတင်စကားပြောလိုက်လေ.."
ဟူ၍ အနားကပ်ကာ ခပ်တိုးတိုးပြောသည်။
ကျေးဇူးတင်စကားဆိုရန်ခေါ်လာကာမှ နှစ်ယောက်သားက မကြည်ကြည့် ကြည့်နေကြပြီး ထသတ်ကြတော့မည့်အခြေအနေ။
"ကျေးဇူး တင်တယ်!..."
အောင့်သက်သက်ထွက်လာသည့် JeonJungkook၏နှုတ်ထွက်စကားကြောင့် မျက်ခုံးတစ်ဖက်ပင့်တင်ရင်းမှ
"ဘာအတွက်လဲ..?.."
"ကျုပ်အသက်ကို ကယ်ခဲ့တဲ့အတွက်..."
ကျေးဇူးတင်သည့်လူက ထသတ်တော့မည့်ရုပ်နှင့်မပြောချင်ပြောချင် ပြောနေသည့်ပုံစံ။
အဲ့ဒီJeonJungkookဆိုတဲ့ကောင် ထောင့်မကျိုးတဲ့ပုံစံက မျက်ခွက်မြင် ဖြတ်ကန်ချင်ပါစေဆိုတဲ့ ဆုနဲ့မတောင်းပဲပြည့်မယ့်ပုံစံမျိုး..။
"မလိုဘူး...မင်းအသက်ကိုကယ်ခဲ့တာမဟုတ်ဘူး....KimTaeHyungဝမ်းနည်းနေတာ မကြည့်ရက်လို့...."
"ခင်ဗျား!....တောက်ခ်!!!..."
JeonJungkookက ဝုန်းခနဲ ထ ရပ်ပြီး အင်္ကျီကော်လံစကို လာဆွဲသည်။
Accidentဖြစ်ထားသည့်လူနာက အဲ့သလောက်အားကြီးရရသလား..?ေ-ာက်ကျိုးနဲ!လည်ပင်းတောင် အင့်သွားတယ်။
JeonJungkookက မီးဟုန်းဟုန်းတောက်သည့်အကြည့်တို့ဖြင့် ကော်လံစကို မလွှတ်တမ်းဆုပ်ကိုင်ထားသည်။
"Jeon!...စိတ်လျှော့ပါ....အေးဆေးဆွေးနွေးကြဖို့လာတာလေ....စိတ်ကိုလျှော့မှပေါ့..."
TaeHyungက ကော်လံကိုခပ်တင်းတင်းဆုပ်ကိုင်ထားသည့် JeonJungkookလက်တွေကို ဖြုတ်ချရင်း နားချသည်။
ထိုအခါမှသာ JeonJungkookက စိတ်ကိုတစ်ထစ်လျှော့ချလိုက်ဟန် ...
"Jeon...အရင်ဆုံးထိုင်ရအောင်နော်..."
ရင်ဘတ်တွေ နိမ့်ချည်မြင့်ချည်ဖြင့် တရှူးရှူးဒေါသထွက်နေပုံရသည့် JeonJungkookကို ကလေးချော့မြူနေသလိုချော့မြှူနေ၏။