အမှာစာ

2K 81 4
                                    

မေတ္တာ ... သစ္စာ ... စိန်ပန်းပြာ ...

ဝတ္ထုနာမည် ဘယ်လိုပေးရမလဲ စဉ်းစားရင်း တစ်ပုဒ်လုံး ဆုံးအောင်ရေးပြီးမှ ပေးဖြစ်ခဲ့တဲ့ နာမည်လေး။

နေရာ၊ ဒေသ၊ လူပုဂ္ဂိုလ်ကအစ လက်တွေ့နည်းနည်း၊ စိတ်ကူးများများနဲ့ ကွန့်မြူးထားတာမို့ တချို့နေရာတွေ မှန်းဆချက် လွဲချော်တာမျိုးရှိနိုင်ပါသည်။

နူးညံ့တဲ့ ခံစားချက်တွေဖြည့်စွက်ပြီး ဇာတ်ကောင်စရိုက် ပီပြင်ထင်ရှားအောင် တတ်နိုင်သမျှ ကြိုးစားထားပါသည်။

Main Character ၏ ရှုထောင့်ကနေ လွတ်လပ်ပေါ့ပါးစွာနှင့် တပြေးတည်း ခံစားဖတ်ရှုနိုင်အောင်လည်း ကြိုးစားထားသည်ဖြစ်ရာ Main Character ၏ မလိုအပ်သော ရုပ်ဟန်များကိုတော့ စာဖတ်သူများကိုယ်တိုင် စိတ်ကူးယဉ်နိုင်ကြအောင် အလွတ်ထားပါသည်။

ဒေသခံ ရိုးရာ၊ ဓလေ့၊ ကိုးကွယ်ယုံကြည်မှုများကိုလည်း ဉာဏ်မှီသလောက် စိတ်ကူးမိသလောက် ထည့်ရေးထားပါသည်။

ကျွန်တော် စာရေးမကျွမ်းပေမယ့်၊ အခုမှ စ,ရေးတဲ့သူလည်း မဟုတ်ပါ။ ဖတ်ကောင်း မကောင်းကို စာဖတ်သူတို့ ကိုယ်တိုင်ဖတ်ရှုပြီးမှ ဆုံးဖြတ် ဝေဖန်ပေးကြပါခင်ဗျာ။ ဒီဝတ္ထုတစ်ပုဒ်လုံး အစအဆုံးပြီးစီးအောင် ရေးသားဖို့ အချိန်သုံးလကျော် ကြာမြင့်ခဲ့ပါသည်။

ထို့ကြောင့် စာဖတ်သူများ စိတ်အပန်းပြေ ကျေနပ်ပါစေ ... ဝမ်းသာ ဝမ်းနည်း အံ့သြ ပျော်ရွှင်ရပါစေ ဆိုပြီး အကောင်းဆုံး ကြိုးစားထားပါသည်။

ခင်မင် လေးစားလျက်

Six

မေတ္တာ သစ္စာ စိန်ပန်းပြာМесто, где живут истории. Откройте их для себя