Unicode
"ထမင်းစားလို့ရပါပြီ အမောင်ကြွယ်ဝထက်သာ"
ထိုစကားလေးက လှမ်းပြောတာမဟုတ်ဘဲ ဆိုဖာပေါ်ထိုင်နေသည့် လူသားလေး၏ ပုခုံးလေးနှစ်ဖက်ပေါ် လက်လေးနှင့်အားမပါစွာ ဆုပ်ရင်း အခေါ်စကားဆိုခြင်းသာ
ထိုသူလေးကလဲအလိုက်တသိ လက်နှစ်ဖက်ပေါ် အုပ်မိုးရင်း မော့ကြည့်ကာ
"ကျွန်တော့်ရဲ့ချစ်လှစွာသောလေးရဲ့ လက်ရာကိုမြည်းစမ်းဖို့ ထပါပြီ ခင်ဗျ"
ထမင်းဝိုင်းသို့ရောက်တော့
ကြက်သားဟင်းလေးကို မဆလာလေးနဲ့ သေးသေးလေးတုံးချက်ပြီး ချဥ်ပေါင်ရွက်ဟင်းချိုလေးရယ် ကန်စွန်းရွက်ကြော်လေးရယ် ငပိရည် တို့စရာလေးတွေရယ်နဲ့ တည်ခင်းထားတာမြင်တော့
"မောင်ချက်ချင်း အိမ်ထောင်ကျသလိုခံစားရတယ်"
"ဟင် ဘာလို့လဲ"
"ကိုယ့်ဇနီးလေးက ကိုယ့်အတွက်အမောပြေ ထမင်းချက်ပြီး ကြိုစောင့်နေသလိုပေါ့"
ထိုအပြောကြောင့် ရဲတက်လာသော ပါးမို့လေးနှင့် ရှက်စိတ်ကို ထိန်းရန်အလို့ငှာ ဒေါသမပါသော မျက်စောင်းလေးက ကျွန်တော့်ဆီလေလှိုင်းကဲ့သို့ အလျင်
"ကဲ ပိုပိုသဲသဲတွေပြောမနေနဲ့ ထမင်းစားဖို့ကိုတွေးပါ တစ်နေ့တစ်နေ့အဲ့လို ကလူကျီစယ်ပြောဖို့ ရှင်သန်နေသလားထင်မိ"
ဒါဟာ မိန်းမသား မဟုတိသည့်တိုင် မိန်းမစိတ်လေး အနည်းအကျဥ်းပါသူတိုင်း ချစ်သူကို ကိုယ်က မချွဲနွဲ့တတ်တဲ့အခါ ကန့်လန့်လေးပြောတတ်ကြသည်ဟုတ်မောင်က ထိုစကားလို ရန်လေးစတာတောင် စိတ်မတိုတဲ့အပြင် အပြုံးလေးဟပ်ရင်း ထိုင်ခုံလေးဆွဲကာ အလိုက်သိသေး၏
မောင်ထမင်းစားတော့ ကိုယ်ကအရင်မစားဘဲ သူ့အဖြေကို ငံ့လင့်ရင်း ငေးမောနေသောအခါ
"ကောင်းတယ် ရှယ်ပဲ ထမင်းအိုးတော့ပေါက်တော့မယ်ထင်တယ်"
"ထမင်းအိုးက အကောင်းကြီးပါ"
"ညှိုးလေးကလဲ တစ်ခါတစ်လေ ဒသနတွေပြောသူက ဒီလိုအနှောလေးတောင်မသိရော့သလားကွယ် မောင်က စားကောင်းလွန်းလို့ ထမင်းမကျန်တဲ့အပြင် ထမင်းအိုးပါ ပေါက်တော့မယ်လို့ပြောတာ"
VOCÊ ESTÁ LENDO
"ညှိုး"(BL) Complete
Conto"အခြောက်တစ်ယောက်ကို နင်ကြိုက်နေတာ မရှက်ဘူးလား ကြွယ်ဝထက်သာ" မြစိမ်းမိုး "ညှိုး"ကခပ်ယဲ့ယဲ့လေး အမြဲပြုံးတတ်ပြီး သူ့ရဲ့အားနည်းမှုတွေကို မာန်မာနလေးတွေနဲ့ကာဆီးထားတတ်သူပင် "ညှိုး"ကယုံကြည််မှုရှိဟန် ဆောင်နေသည့် အခ...