မနက်ခင်း အလင်းရောင်ဟာမျက်နှာပေါ်ဖြာကျလျက် နေရောင်ခြည်နွေးနွေးအားခံစားမိလျှင် မနက် ၉နာရီထိုးနေလေပြီ ။
ဒီလိုနဲ့မျှော်နေကြ စာလေးများဝင်လေမလားဆိုသောအတွေးနှင့် ဝင်ကြည့်မိသည်။
" Morning ပါ ကောင်လေးရေ ကိုယ့်ကိုအိပ်မက်ထဲထည့်မက်ပါရဲ့လား " တဲ့
မီးစိမ်းလေးမရှိတော့တဲ့ စာတစ်စောင်ဟာ ရင်ထဲမှာ အမည်မသိသောအမျိုးအမည်နာမတွေ တပ်လျက် ၊ မသေချာလေသောရင်တွင်းခံစားချက်များ
"ငါ့စိတ်ကို စမ်းသပ်ဖို့လိုလာပြီ " ဟုသာတွေးလိုက်မိတယ် ။
ပြန်စာလေးဟာ
" Morning ပါအကို နေ့ရက်တိုင်းမှာပျော်ရွှင်ပါစေ "ဟု ဆုတောင်းစကားလေးဖြင့် သူတို့နှစ်ယောက်ကြားကခင်မင်မှုကိုအစပြုလိုက်လေသည် ။ရက်ကနေ လသို့ပြောင်းလဲလာချိန်မှာ အတော်လေးကို ခရီးပေါက်လေတဲ့ ခင်မင်မှုမှသည် ချစ်ခြင်းတရားလေးတွေအဖြစ်ပါဝင်လာခဲ့ပြီ ။ နူးယံဘက်မှ တစ်ဖက်သတ်ခံစားချက်ဖြစ်လေပြီလားဟု ထင်မိသောအရာလေးဟာ ၊ တကယ်တမ်းမှာ နှစ်ဦးနှစ်ဖက်က သံယောဇဉ်ဖြင့် နှောင်တွယ်ရင်း အချစ်ဆိုတဲ့ခေါင်းစဉ်အောက်သို့ရောက်ရှိလာခဲ့ပါတယ် ။
ပြီးတော့ အကိုဟာ တကယ်ပဲ နှလုံးအဆို့ရှင်မကောင်းတာဆိုတာသိလာခဲ့တယ် ။ အမြဲနေမကောင်းဖြစ်ပြီး ချူချာလွန်းတဲ့အကို ၊ အဲကွန်းလေခံလို့မရတဲ့သူ ၊ ကြင်နာတတ်သူ အကိုဟာ ပင်လုံမြို့မှာနေသည်တဲ့ ။
နူးယံတို့နှစ်ယောက်ဟာ မိုင်တွေခြားနေတဲ့ ချစ်သူဘဝကလေးပါဘဲ ။ နူးယံဟာ။ ပဲခူးတိုင်းအရှေ့ တောင်ငူမြို့ကလေးမှာ နေသည် ။
ထိုမြို့လေးဟာ နေချင်စဖွယ်ကောင်းတဲ့မြို့ကလေးပါပဲ ၊ မွေးရပ်မြေဖြစ်တဲ့မြို့ကလေးကို ချစ်မြတ်နိူးလို့ ၊ ဒီမြေကမခွာပဲအလုပ်တောင် ဒီနားပတ်ဝန်းကျင်ကျတဲ့နေရာမှာပဲဖြစ်ချင်ပါဘိ ။
~~~~~~~~~~~~~~~~~~~~~~~~
🍃Now 2022 (12.7.2022 )
မြန်မာသက္ကရာဇ် ၁၃၈၄ခု ၊ ဝါဆိုလပြည့် ၊ ကြာသပဒေးနေ့အထင်ကရနေရာများစွာရှိပြီး နူးယံတို့ရဲ့ရွှေဆံတော်ဘုရားကြီးသည် ဒီကနေ့ဝါဆို လပြည့်နေ့တွင် ဘုရားဖူးသူများပြားလှသည် ။ ဈေးသည်များဖြင့် ပျော်ရွှင်စရာကောင်းလှပါတယ် ။

YOU ARE READING
အလွမ်းတွေဝေ အချစ်တွေဖူးပွင့်စေ (Ongoing)
Romansaဤအကြောင်းအရာများသည်စိတ်ကူးယဉ်စာသားသက်သက်သာမက သာသာရဲ့ဘဝတဆစ်ချိုးမှ အမှတ်ရစရာလေးများလဲထည့်သွင်းရေးသားထားပါသည်