𝟷𝟹

969 86 26
                                    

Unicode

Bible~

"ပြဿနာ တက်ပြီ !!ပြဿနာ တက်ပြီ.."

ငါစာရွက်စာတမ်းတွေစစ်နေတုန်း အပြင်ကနေ ဒုန်စိုင်းဒုန်စိုင်း ပြေးလာပြီး တံခါးကို အလောတကြီးဖွင့်ကာ အလန့်တကြားပြောလာတဲ့Jobကြောင့် ငါရောBasပါ လန့်သွားရတယ်။ငါက မျက်မှောင်ကြုတ်လိုက်ပြီး မျက်ခုံးပင့်ပြလိုက်တယ်။သဘောက ဘာပြဿနာ ဖြစ်ပြန်ပြီလဲ လို့ မေးလိုက်တာ။



"ဘာပြဿနာတက်တာလဲ မပြောဘဲ ပြဿနာတက်ပြီဘဲ ဇွတ်အော်နေတော့ ငါတို့က သိမလား"

Basကလဲ ဘာပြဿနာတက်နေတာလဲဆိုတာ ကို သိချင်ဇောနဲ့ Jobကိုလှမ်းဟောက်လိုက်သေးတယ်။

"ပါးစပ်ပေါက်ပိတ်စမ်း သိချင်ရင် လိုင်းပေါ်တက်ကြည့်"

Jobက အကြောမခံ ပြန်အော်ပြောတော့ ငါခေါင်းခါ လိုက်တယ်။အဲ့နှစ်ယောက်ကိုလဲ ငါ ဘယ်လိုမှမနိုင်ဘူး။
Jobက ခပ်သုတ်သုတ် ငါရှိတဲ့ စားပွဲဆီကို လက်ပ်တော့ တလုံးနဲ့ လျှောက်လာပြီး လာပြတော့တယ်။

"သူဌေး ထုတ်ထားတဲ့ မှိုအချဉ်ဖောက် က မတည့်တဲ့ ဓာတ်ပါဝင်နေတယ် ဆိုတဲ့ သတင်းက ခေါင်းကြီးပိုင်းက နေပါလာတယ်"

Jobက ငါ့ဆီကို လက်ပ်တော့ ထိုးပေးရင်း စိုးရိမ်တကြီးဖြစ်နေတယ်။ ငါ သတင်းတွေ လိုက်ကြည့်လိုက်တော့ 'B'ကုမ္ပဏီရဲ့ ပထမဆုံး စိုးရွားတဲ့ သတင်း ဆိုပြီး နေရာ တိုင်းမှာ။

"အသက်ကြီးတဲ့ သူတွေ အတွက်သီးသန့်ထုတ်တာ ဆိုတော့ မျက်နှာပေါ်မှာ အစက်အပြောက်တွေ ထွက်တာတဲ့တချို့ဆို အစိမ်းဖက်တွေ အန်ပြီး ဟန်တောင် မထိန်းနိုင်ဘဲ အိပ်ရာထဲ လှဲကုန်တာ တဲ့ အခု ကျွန်တော်တို့ဘယ်လို လုပ်ကြမလဲ"

သတင်းဖတ်နေတဲ့Basက ပါ သွေးပူလာတယ်။

"စမ်းသပ်မှုလုပ်တုန်းက အကောင်းကြီးပါ ကျွန်တော်တို့တောင် ဘာမှ မဖြစ်ဘူးလေ..ဒါမှမဟုတ် အသက်ကြီးတဲ့ သူတွေ ဘဲ မတည့်တာလား"

"ဖြစ်တော့ဖြစ်နိုင်တယ်..ဘိုးဘွားရိပ်သာမှာ အများဆုံးဖြစ်နေတာ ငါတို့ ဘယ်လိုလုပ်ကြမလဲ"

"ဥက္ကဌမသိလောက်သေးဘူးထင်တယ် ငါတို့ဘယ်လိုလုပ်ကြမလဲ"

Bas က Jobနဲ့ တယောက် တပေါက် လမ်းပျောက်နေကြတာ။ပြီးမှ တချိန်လုံး တိတ်နေပြီး စာရင်းထိုင်လုပ်နေတဲ့ ငါ့ကို သူတို့နှစ်ယောက်က တအံ့တဩကို ကြည့်လာတယ်။

Memories [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now