ကျွန်တော် ချယ်နူးယံ အကိုနဲ့ချစ်သူတွေဖြစ်ပြီးနောက်ပိုင်းမှာ အကိုနဲ့တွေ့ချင်တယ်လို့ပြောခဲ့ပေမယ့် ၊ တွေ့ချင်ပေမယ့်လဲနယ်တွေခြားနေခဲ့တယ် ။
အကိုဟာ ပင်လုံမှာနေတယ်ဆိုတာကလွဲရင် ဘယ်နေရာ ၊ ဘယ်ရပ်ကွက်ရယ်လို့ကျွန်တော် မသိပါ ။ကျွန်တော်ကပဲတုံးသလား ၊ ရိုးသားနေသလားမပြောတတ်ပါ ။ အကိုနေတဲ့မြို့လေးဟာ အေးချမ်းတဲ့မြို့လေးပဲဖြစ်ပဲလိမ့်မယ် ။
အကိုနေတဲ့ပင်လုံမြို့လေးဟာ ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ လွိုင်လင်မြို့နယ်မှာ ပါတဲ့မြို့ကလေးပါ ။ ပင်လုံမြို့တည်နေရာလေးက ကိုဩဒိနိတ် 20ံ 59'30"N 97ံ31'19"E ဖြစ်ပါတယ် ။ ပင်လယ်ရေမျက်နှာပြင်အမြင့် ၁၃၆၆မီတာ (၄၄၈၂ပေ) မြင့်ပါတယ် ။
(ဒါကတော့ Simonရဲ့ကိုးကားချက်ပါ)တကယ်တမ်းတွေးရရင် ကျွန်တော်တို့နှစ်ယောက်ဟာ မိုင်တွေခြားပေမယ့်အချစ်တွေတော့ စစ်မှန်ခဲ့ပါတယ် ။
ကိုကိုကပြောတယ် ချစ်ချယ်လေးရဲ့အသံဟာကိုယ့်အတွက်နေပြန်ကောင်းစေမယ့် ဘာနဲ့မတူ မလဲနိုင်တဲ့ သောက်ဆေးတစ်ခွက်လိုပါပဲတဲ့ ၊ မူးရယ်ဖွယ်ကောင်းတဲ့အသံနဲ့ ချွဲနွဲ့သံလေးတွေမှာ သူ့ကိုပိုရင်ခုန်စေတယ်ပြောဖူးတယ် ။
+++++++++++++++++++
၂၀၁၅ ခုနှစ်ကိုကိုလိုင်းမသုံးတဲ့ရက်တွေ ၊ ဖုန်းမကိုင်တဲ့ရက်တွေမှာ ကျွန်တော် အရူးတစ်ယောက်လိုဆောက်တည်ရာမရဖြစ်ခဲ့တယ် ။ အကိုအဆင်မှပြေရဲလား ၊ နေမကောင်းဖြစ်ပြီးဆေးရုံတက်နေရပြီလား ဆိုတဲ့အတွေးနဲ့တင် စိတ်ကိုခြောက်ခြားစေခဲ့တယ် ။
တစ်ရက်မှာ စာဝင်လာခဲ့တယ်
"ချစ်ချယ်လေးကို စိတ်ပူစေမိပြီ"
နူးယံပျော်ရွှင်ရမယ့် နေ့ရက်တွေရောက်လာသလိုပါပဲ နူးယံရဲ့ကိုကိုပြန်လာခဲ့ပြီ ။
"ကိုကို အများကြီးနေမကောင်းဖြစ်နေခဲ့တာလား"
"မဟုတ်ပါဘူး အအေးမိသွားရုံပါ"
"နောက်တစ်ခါ စိတ်ပူရအောင်မလုပ်ပါနဲ့ နူးယံအတွက်အဆင်မပြေတဲ့နေ့တွေဖြစ်စေလို့ပါ"
YOU ARE READING
အလွမ်းတွေဝေ အချစ်တွေဖူးပွင့်စေ (Ongoing)
Romanceဤအကြောင်းအရာများသည်စိတ်ကူးယဉ်စာသားသက်သက်သာမက သာသာရဲ့ဘဝတဆစ်ချိုးမှ အမှတ်ရစရာလေးများလဲထည့်သွင်းရေးသားထားပါသည်