🕊️မောင်မုန်းမယ်ဆို…🕊️
"ဘာလို့ဒေါသတွေထွက်နေတာလဲ Build
မတွေ့ရတဲ့နှစ်တွေအတွင်းမှာမင်းအများကြီးချစ်ဖို့ကောင်းလာတယ် မျက်လုံးတွေကတော့အရင်အတိုင်းခက်ထန်နေတုန်းပဲ""ငါ့ကိုပြန်တွေ့လို့ မင်းကြောက်သွားတာလား
Fitt ကိုယ့်အလှည့်သူ့အလှည့်ဆိုတာရှိတဟ်""ကျွတ် … ကျွတ်…ဒေါသကိုတစ်ထစ်လောက်လျော့ထားပါအုံးBuildရယ် ကိုယ့်ကိုသတ်လို့နောက်တစ်ကြိမ်ထောင်ထဲရောက်နေပါအုံးမယ်"
"မင်းကိုသတ်ရလို့ကတော့ထောင်ထဲမကလို
ဘယ်ပဲရောက်ရောက်ငါမမှုဘူး မင်းကြောင့်ငါ့ညီမကိုလဲဆုံးရှုံးခဲ့ရတယ် ငါ့ဘဝလဲထောင်ထဲမှာကုန်ဆုံးခဲ့ရတယ်ငါ့ဘဝရဲ့ပျော်ရွှင်မှုတွေအားလုံး မင်းကြောင့်တစ်စစီဖြစ်ခဲ့ရတာ""အင်းပါ ကိုယ့်ကြောင့်လို့ပဲထားပါ
ကိုယ် မင်းကိုအခုထိချစ်တုန်းပဲနော်Build အခုထိလဲမင်းကိုပိုင်ဆိုင်ချင်တုန်းပဲ""ငါကတော့ မင်းကိုအရင်ကလဲမုန်းတယ် အခုလဲမုန်းတယ် မင်းကငါ့အတွက် အောက်တန်းစားတစ်ယောက်ထက်မပိုဘူး"
"အောက်တန်းစားဆိုလဲ ရှိစေ…
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကတော့မင်းကိုရအောင်ယူမှာ မင်းကိုသိပ်ချစ်တယ်သိလား""သွားစမ်းပါ မင်းလိုအောက်တန်းစားတစ်ယောက်ကိုငါအထင်မကြီးဘူး မင်းနောက်ထပ်ငါ့ရှေ့မှာပေါ်မလာနဲ့
ငါမင်းကိုသတ်မိလိမ့်မယ်""သူငယ်ချင်းအနေနဲ့တောင်သံယောဇဉ်မထားတော့ဘူးလားBuild"
"မင်းလိုကောင်ကိုသူငယ်ချင်းစာရင်းကပယ်လိုက်တာကြာပြီ"
"လက်ကဘာဖြစ်တာလဲBuild"
"ဘာဖြစ်ဖြစ် မင်းနဲ့မဆိုင်ဘူး"
"အရင်လိုပဲ လူ့ဂွစာလုပ်နေတုန်းပါလား
ချစ်ဖို့ကောင်းလိုက်တာ"Fittက Buildမေးကိုလာကိုင်သည်။
သူ့လက်ကိုပုတ်ထုတ်ပစ်လိုက်သည်။"ငါ့ကိုလာမထိနဲ့ ရွံတယ်"
"အခုဆေးရုံဝန်းထဲမှာမို့ မင်းကိုဘာမှမလုပ်သေးဘူး
မကြာခင်ထပ်တွေ့ကြတာပေါ့Build"